မ်က္မွန္သမားမ်ားအတြက္ေဆးစြမ္းထက္တဲ့ကြမ္းရြက္…
Zawgyi ျဖင့္ဖတ္၇န္
မ်က္စိေ၀ဒနာ႐ွင္မ်ားအတြက္..ကြမ္းရြက္
မ်က္စိကိုကပ္နည္း..
မ်က္လံုးေထာင့္ႏွစ္ခုမွာကြမ္းရြက္ကိုကပ္ေပးရပါတယ္…။ကြမ္းရြက္က မ်က္စိထဲက ငုတ္ေနတဲ့ အခိုးေတြကိုစုပ္ယူေစတဲ့နည္းပါ . . . ။
ကြမ္းရြက္ကပ္တဲ့ အခါမွာ မ်က္စိ အတြင္းေထာင့္ရွိ မ်က္ရည္အိတ္ေနရာ လက္နဲ႔ စမ္းၾကည့္ရင္ အဖုေလးရိွတဲ့ ေနရာမွာ ကပ္မွ မ်က္စိထဲက အခိုး ေတြကို စုပ္ယူသြားႏိုင္ပါတယ္….။
အခ်ိဳ႕မွာ ကြမ္းရြက္ကို ျပားေစ့ခန္႔ အ၀ိုင္းငယ္ ကေလးစုတ္ဖဲ့ယူၿပီးမ်က္စိေထာင့္ႏွစ္ဖက္ စလံုးတြင္ကပ္ၾကပါတယ္။မ်က္စိအတြင္း အျပင္ ေထာင့္မ်ားမွာ ကပ္လွ်င္မ်က္လံုးႏွစ္လံုးအတြက္ ကြမ္းရြက္ အ၀ိုင္းငယ္ေလးခု ဆုတ္ဖဲ့ယူထားရမွာ ျဖစ္ပါတယ္။
ကြမ္းရြက္ အရြက္က ႀကီးတယ္ဆုိရင္ တစ္ရြက္ထဲနဲ႔ အ၀ိုင္းငယ္ ေလးခု ရႏိုင္ပါတယ္။ အျခားနည္းတစ္ခုက ကြမ္းရြက္တစ္ ရြက္ကို မ်က္စိအရြယ္ခန္႔ အ၀ိုင္းေပါက္ ေဖာက္ၿပီး မ်က္စိတစ္ခုလံုးကို အုပ္ၿပီးကပ္ နည္းျဖစ္ပါတယ္။ မ်က္စိႏွစ္လံုး အတြက္ ကြမ္းရြက္ ႏွစ္ရြက္ လိုအပ္မွာျဖစ္ပါတယ္။
ကြမ္းရြက္ကို အ၀ိုင္း ငယ္ေလး ဆုတ္ဖဲ့ယူၿပီး ေျပာင္ေခ်ာေသာဖက္မွ ေရ ဆြတ္ၿပီး မ်က္စိအတြင္းေထာင့္မွာ ကပ္ ထားလိုက္ရံုသာ ျဖစ္ပါတယ္။ကြာမက်ပါ။ ကပ္စကအတြင္းကအပူမ်ား စုတ္ယူေနသလုိ ခံစားရၿပီး မနက္မလင္းမီ ကြမ္းရြက္ ကေျခာက္ေသြ႔ၿပီးကြာက်သြားပါလိမ့္မယ္။
တစ္ပတ္၊ဆယ္ရက္ခန္႔ ၾကာတဲ့အခါမွာ စုတ္ယူတဲ့ အပူနည္းၿပီးကြမ္းရြက္မေျခာက္ ေတာ့ပါ။ ေနာက္ပုိင္း မနက္အိပ္ယာ ထတဲ့အထိ အစိုအတိုင္း ကပ္ေနတတ္ပါတယ္…။
ကြမ္းရြက္ကပ္ျခင္းေၾကာင့္ တစ္ေန႔ တစ္ျခားမ်က္လံုးအိမ္အတြင္းမွကိုက္ျခင္း၊ မ်က္႐ိုး ကိုက္ျခင္းမ်ားကိုသက္သာလာေစပါတယ္…။
၁၉၈၈ ခုႏွစ္ခန္႔က မဂၢဇင္းတစ္ ေစာင္တြင္ ယၡဳ ကြယ္လြန္သြားၿပီျဖစ္တဲ့ ဆရာႀကီးသာဂဒိုးက“ကြမ္းရြက္ကပ္နည္း အလကားရေစသတည္း”ဟူေသာေခါင္းစဥ္နဲ႔ ေဆာင္းပါးေရးဘူးတာကို ဖတ္ရဖူး ပါတယ္။
အဲဒီေဆာင္ပါးမွာ ဆရာႀကီးက မ်က္မွန္ဒီဂရီေတြ တိုးတိုးလာတာေၾကာင့္ အရစ္မ်ားထေနတဲ့ မ်က္မွန္အထူႀကီး တပ္ေနရာမွ ကြမ္းရြက္ ကပ္နည္းကိုသိရ တာေၾကာင့္ကပ္ၾကည့္ရာ တစ္ပတ္ခန္႔ အၾကာမွာ မ်က္လံုးကိုက္လာပါတယ္။ အဲ့ဒီေနာက္မ်က္စိ ဒီဂရီသြားခ်ိန္ၾကည့္ရာ မ်က္မွန္ဒီဂရီေလ်ာ့သြားၿပီး မ်က္မွန္လဲ လိုက္ရ ေၾကာင္း၊ ဆက္၍ကပ္သြားရာ ေနာက္ဆံုး မ်က္မွန္လြတ္သြားေၾကာင္း ေရးသာထားၿပီး မ်က္မွန္မပါေတာ့ေသာ ဆရာႀကီးကို သူ႔ခ်စ္ဇနီးက ခပ္တမ္းတမ္း ျဖစ္သြားေသာေၾကာင့္ေမးၾကည့္ရာ “ တစ္သက္လံုးက မ်က္မွန္နဲ႔ ေယာက်္ားက အခု ကြမ္းရြက္ကပ္ၿပီး မ်က္မွန္ျဖဳတ္ သြားေတာ့ သူ႔မ်က္ႏွာႀကီး ၾကည့္ရတာ အရင္ကၽြန္မ ေယာက်္ားမဟုတ္ေတာ့ သလုိပဲ”ဟုဟာသဆန္ဆန္ေရးထားတာကို ဖတ္ရဖူးပါတယ္။
ကြမ္းရြက္ကုိသုံးစဲြရာမွာ သတိထားရမည့္အခ်က္က ကြမ္းရြက္မ်ားကုိေသခ်ာေရျဖင့္ေဆးေႀကာျပီးမွ အသုံးျပဳပါ၊ ကြမ္းပင္စုိက္ရာတြင္အသုံးျပဳေသာ ဖ်န္းေဆးမ်ားသည္ ဆုိးက်ိဳးမ်ား
ကုိေပးေစေသာေႀကာင့္ျဖစ္ပါတယ္၊
ကိုးကား..#ဆရာေက်ာ္ျမင့္လြင္(မုျဒာ)
မ်က္စိကိုက္ျခင္း…မ်က္႐ိုးကိုက္ျခင္းႏွင့္
တေန႔တျခားမ်က္စိမႈန္ၿပီး..မ်က္မွန္ပါ၀ါတိုးေနရသူမ်ားအတြက္အစြမ္းထက္တဲ့ေဆးနည္းတစ္ခုျဖစ္ပါတယ္…။ေ၀ဒနာ႐ွင္မ်ားေတြ႔႐ွိၿပီး..အသံုးျပဳ၍သက္သာေပ်ာက္ကင္းပါေစလို႔ဆုေတာင္းလိုက္ပါတယ္….။
Credit to May Soe
Unicodeဖြင့်ဖတ်ရန်
မျက်စိဝေဒနာရှင်များအတွက်..ကွမ်းရွက်
မျက်စိကိုကပ်နည်း..
မျက်လုံးထောင့်နှစ်ခုမှာကွမ်းရွက်ကိုကပ်ပေးရပါတယ်…။ကွမ်းရွက်က မျက်စိထဲက ငုတ်နေတဲ့ အခိုးတွေကိုစုပ်ယူစေတဲ့နည်းပါ . . . ။
ကွမ်းရွက်ကပ်တဲ့ အခါမှာ မျက်စိ အတွင်းထောင့်ရှိ မျက်ရည်အိတ်နေရာ လက်နဲ့ စမ်းကြည့်ရင် အဖုလေးရှိတဲ့ နေရာမှာ ကပ်မှ မျက်စိထဲက အခိုး တွေကို စုပ်ယူသွားနိုင်ပါတယ်….။
အချို့မှာ ကွမ်းရွက်ကို ပြားစေ့ခန့် အဝိုင်းငယ် ကလေးစုတ်ဖဲ့ယူပြီးမျက်စိထောင့်နှစ်ဖက် စလုံးတွင်ကပ်ကြပါတယ်။မျက်စိအတွင်း အပြင် ထောင့်များမှာ ကပ်လျှင်မျက်လုံးနှစ်လုံးအတွက် ကွမ်းရွက် အဝိုင်းငယ်လေးခု ဆုတ်ဖဲ့ယူထားရမှာ ဖြစ်ပါတယ်။
ကွမ်းရွက် အရွက်က ကြီးတယ်ဆိုရင် တစ်ရွက်ထဲနဲ့ အဝိုင်းငယ် လေးခု ရနိုင်ပါတယ်။ အခြားနည်းတစ်ခုက ကွမ်းရွက်တစ် ရွက်ကို မျက်စိအရွယ်ခန့် အဝိုင်းပေါက် ဖောက်ပြီး မျက်စိတစ်ခုလုံးကို အုပ်ပြီးကပ် နည်းဖြစ်ပါတယ်။ မျက်စိနှစ်လုံး အတွက် ကွမ်းရွက် နှစ်ရွက် လိုအပ်မှာဖြစ်ပါတယ်။
ကွမ်းရွက်ကို အဝိုင်း ငယ်လေး ဆုတ်ဖဲ့ယူပြီး ပြောင်ချောသောဖက်မှ ရေ ဆွတ်ပြီး မျက်စိအတွင်းထောင့်မှာ ကပ် ထားလိုက်ရုံသာ ဖြစ်ပါတယ်။ကွာမကျပါ။ ကပ်စကအတွင်းကအပူများ စုတ်ယူနေသလို ခံစားရပြီး မနက်မလင်းမီ ကွမ်းရွက် ကခြောက်သွေ့ပြီးကွာကျသွားပါလိမ့်မယ်။
တစ်ပတ်၊ဆယ်ရက်ခန့် ကြာတဲ့အခါမှာ စုတ်ယူတဲ့ အပူနည်းပြီးကွမ်းရွက်မခြောက် တော့ပါ။ နောက်ပိုင်း မနက်အိပ်ယာ ထတဲ့အထိ အစိုအတိုင်း ကပ်နေတတ်ပါတယ်…။
ကွမ်းရွက်ကပ်ခြင်းကြောင့် တစ်နေ့ တစ်ခြားမျက်လုံးအိမ်အတွင်းမှကိုက်ခြင်း၊ မျက်ရိုး ကိုက်ခြင်းများကိုသက်သာလာစေပါတယ်…။
၁၉၈၈ ခုနှစ်ခန့်က မဂ္ဂဇင်းတစ် စောင်တွင် ယ္ခု ကွယ်လွန်သွားပြီဖြစ်တဲ့ ဆရာကြီးသာဂဒိုးက“ကွမ်းရွက်ကပ်နည်း အလကားရစေသတည်း”ဟူသောခေါင်းစဉ်နဲ့ ဆောင်းပါးရေးဘူးတာကို ဖတ်ရဖူး ပါတယ်။
အဲဒီဆောင်ပါးမှာ ဆရာကြီးက မျက်မှန်ဒီဂရီတွေ တိုးတိုးလာတာကြောင့် အရစ်များထနေတဲ့ မျက်မှန်အထူကြီး တပ်နေရာမှ ကွမ်းရွက် ကပ်နည်းကိုသိရ တာကြောင့်ကပ်ကြည့်ရာ တစ်ပတ်ခန့် အကြာမှာ မျက်လုံးကိုက်လာပါတယ်။ အဲ့ဒီနောက်မျက်စိ ဒီဂရီသွားချိန်ကြည့်ရာ မျက်မှန်ဒီဂရီလျော့သွားပြီး မျက်မှန်လဲ လိုက်ရ ကြောင်း၊ ဆက်၍ကပ်သွားရာ နောက်ဆုံး မျက်မှန်လွတ်သွားကြောင်း ရေးသာထားပြီး မျက်မှန်မပါတော့သော ဆရာကြီးကို သူ့ချစ်ဇနီးက ခပ်တမ်းတမ်း ဖြစ်သွားသောကြောင့်မေးကြည့်ရာ “ တစ်သက်လုံးက မျက်မှန်နဲ့ ယောကျ်ားက အခု ကွမ်းရွက်ကပ်ပြီး မျက်မှန်ဖြုတ် သွားတော့ သူ့မျက်နှာကြီး ကြည့်ရတာ အရင်ကျွန်မ ယောကျ်ားမဟုတ်တော့ သလိုပဲ”ဟုဟာသဆန်ဆန်ရေးထားတာကို ဖတ်ရဖူးပါတယ်။
ကွမ်းရွက်ကိုသုံးစွဲရာမှာ သတိထားရမည့်အချက်က ကွမ်းရွက်များကိုသေချာရေဖြင့်ဆေးကြောပြီးမှ အသုံးပြုပါ၊ ကွမ်းပင်စိုက်ရာတွင်အသုံးပြုသော ဖျန်းဆေးများသည် ဆိုးကျိုးများ
ကိုပေးစေသောကြောင့်ဖြစ်ပါတယ်၊
ကိုးကား..#ဆရာကျော်မြင့်လွင်(မုဒြာ)
မျက်စိကိုက်ခြင်း…မျက်ရိုးကိုက်ခြင်းနှင့်
တနေ့တခြားမျက်စိမှုန်ပြီး..မျက်မှန်ပါဝါတိုးနေရသူများအတွက်အစွမ်းထက်တဲ့ဆေးနည်းတစ်ခုဖြစ်ပါတယ်…။ဝေဒနာရှင်များတွေ့ရှိပြီး..အသုံးပြု၍သက်သာပျောက်ကင်းပါစေလို့ဆုတောင်းလိုက်ပါတယ်….။
Credit to May Soe



Post a Comment