“အစာအိမ္နာ ေပ်ာက္ေဆး အိမ္တြင္းေဆးနည္း”





Zawgyi ျဖင့္ဖတ္၇န္

အာလူး( ၁၅ )က်ပ္သားကို အခြံမခြါပဲ ေရစင္ေအာင္ေဆးျပီးနုတ္နုတ္စင္းပါ။

ျပီးရင္ ေရနည္းနည္းနဲ႔ ဆန္ျပဳတ္ ျပဳတ္သလိုျပဳတ္ပါ။

အားလုံးျပီးရင္ ပ်ားရည္တဇြန္းထည့္ျပီး ေသာက္လိုက္ပါ ။

( ၁၅ ) ရက္ေလာက္ပုံမွန္ ေသာက္ေပးပါ အစာအိမ္ေရာဂါ လုံးဝေပ်ာက္သြားမွာပါ ။

ေရာဂါေပ်ာက္သြားလို႔ အာလူးဆန္ျပဳတ္ျကိုက္ရင္ ဆက္ျပီး ေသာက္လို႔ရပါတယ္ ။



ေနာက္တနည္း

အစာအိမ္ေရာဂါေပ်ာက္တဲ့ သဘာ၀ေဆးနည္း
အစာအိမ္ေရာဂါအတြက္ ေဆးအမ်ိဳးမ်ဳိးသံုးျပီး မသက္သာလုိ့ စိ္တ္ညစ္ေနသူမ်ား ေအာက္ပါ သဘာ၀ေဆးနည္းေလးကို သံုးၾကည့္ႏိုင္ပါတယ္။

လက္ေတြ ့ေပ်ာက္တဲ့ေဆးနည္းေလးမို႕ ျပန္လည္မွ်ေ၀ေပး လုိက္ပါတယ္။

ပါ၀င္ေသာ ပစၥည္းမ်ား
၁။ အာလူးစိမ္း
၂။ ဂ်င္း
၃။ ပ်ားရည္

ျပဳလုပ္နည္း
၁။ အာလူး ၁၅ က်ပ္သား (၃ လံုး၊ ၄ လံုးခန့္) ကို ေရစင္ေအာင္
ေဆးျပီး အခြံမခြါပဲ ႏုတ္ႏုတ္စင္းလုိက္ပါ။


၂။ ေရအနည္းငယ္ျဖင့္ ဆန္ျပဳတ္ ျပဳတ္သကဲ့သို႕ ျပဳတ္ေပးပါ။

၃။ ဂ်င္းအနည္းငယ္ကို ထည့္ေပးပါ။
(ရင္ျပည့္ရင္ကယ္မျဖစ္ေစရန္)

၄။ ၄င္းအာလူးစိမ္းျပဳတ္ရည္ကိုပ်ားရည္စစ္စစ္တစ္ဇြန္းခန့္ထည့္ျပီး ေသာက္ပါ။

၂ ပတ္ကို တစ္ၾကိမ္ခန့္ ေသာက္ေပးပါက အစာအိမ္ေရာဂါ ေပ်ာက္ကင္းသြားပါလိမ့္မယ္။

(သတိျပဳရန္)
၁။ အစိမ္းေရာင္ျဖစ္ေနေသာ အာလူးမ်ားကို လံုး၀မသံုးရပါ။ အစိမ္းေရာင္ျဖစ္ေနေသာ ေနရာမ်ားကို ကြင္းျပီး ထုတ္ပစ္ရမည္။

၂။ အာလူးမွာ ကစီဓါတ္မ်ားစြာပါ၀င္ေနသည့္အတြက္
ဆီးခ်ိဳ၊ေသြးခ်ိဳသမားမ်ားအတြက္
ေသာက္ရန္ မသင့္ပါ။

အစာအိမ္သမားမ်ား ေရာဂါသက္သာေပ်ာက္ကင္းျပီး

က်န္းမာ​ေပ်ာ္​ရြင္​​ေသာဘဝကို ပိုင္​ဆိုင္​ပါျက​ေစ ႐ွင္​..။

Credit: Sein Minn Tha Mee

Unicodeဖြင့်ဖတ်ရန်

“အစာအိမ်နာ ပျောက်ဆေး အိမ်တွင်းဆေးနည်း”

အာလူး( ၁၅ )ကျပ်သားကို အခွံမခွါပဲ ရေစင်အောင်ဆေးပြီးနုတ်နုတ်စင်းပါ။

ပြီးရင် ရေနည်းနည်းနဲ့ ဆန်ပြုတ် ပြုတ်သလိုပြုတ်ပါ။

အားလုံးပြီးရင် ပျားရည်တဇွန်းထည့်ပြီး သောက်လိုက်ပါ ။

( ၁၅ ) ရက်လောက်ပုံမှန် သောက်ပေးပါ အစာအိမ်ရောဂါ လုံးဝပျောက်သွားမှာပါ ။

ရောဂါပျောက်သွားလို့ အာလူးဆန်ပြုတ်ကြိုက်ရင် ဆက်ပြီး သောက်လို့ရပါတယ် ။

နောက်တနည်း

အစာအိမ်ရောဂါပျောက်တဲ့ သဘာဝဆေးနည်း
အစာအိမ်ရောဂါအတွက် ဆေးအမျိုးမျိုးသုံးပြီး မသက်သာလို့ စိ်တ်ညစ်နေသူများ အောက်ပါ သဘာဝဆေးနည်းလေးကို သုံးကြည့်နိုင်ပါတယ်။

လက်တွေ ့ပျောက်တဲ့ဆေးနည်းလေးမို့ ပြန်လည်မျှဝေပေး လိုက်ပါတယ်။

ပါ၀င်သော ပစ္စည်းများ
၁။ အာလူးစိမ်း
၂။ ဂျင်း
၃။ ပျားရည်

ပြုလုပ်နည်း
၁။ အာလူး ၁၅ ကျပ်သား (၃ လုံး၊ ၄ လုံးခန့်) ကို ရေစင်အောင်
ဆေးပြီး အခွံမခွါပဲ နုတ်နုတ်စင်းလိုက်ပါ။

၂။ ရေအနည်းငယ်ဖြင့် ဆန်ပြုတ် ပြုတ်သကဲ့သို့ ပြုတ်ပေးပါ။

၃။ ဂျင်းအနည်းငယ်ကို ထည့်ပေးပါ။
(ရင်ပြည့်ရင်ကယ်မဖြစ်စေရန်)

၄။ ၄င်းအာလူးစိမ်းပြုတ်ရည်ကိုပျားရည်စစ်စစ်တစ်ဇွန်းခန့်ထည့်ပြီး သောက်ပါ။

၂ ပတ်ကို တစ်ကြိမ်ခန့် သောက်ပေးပါက အစာအိမ်ရောဂါ ပျောက်ကင်းသွားပါလိမ့်မယ်။

(သတိပြုရန်)
၁။ အစိမ်းရောင်ဖြစ်နေသော အာလူးများကို လုံးဝမသုံးရပါ။ အစိမ်းရောင်ဖြစ်နေသော နေရာများကို ကွင်းပြီး ထုတ်ပစ်ရမည်။

၂။ အာလူးမှာ ကစီဓါတ်များစွာပါ၀င်နေသည့်အတွက်
ဆီးချို၊သွေးချိုသမားများအတွက်
သောက်ရန် မသင့်ပါ။

အစာအိမ်သမားများ ရောဂါသက်သာပျောက်ကင်းပြီး

ကျန်းမာ​ပျော်​ရွင်​​သောဘဝကို ပိုင်​ဆိုင်​ပါကြ​စေ ရှင်​..။

Credit: Sein Minn Tha Mee
Powered by Blogger.