ည မွာ စိတ္ခ်မ္းသာစြာနဲ႔ အိပ္ေပ်ာ္ေစႏုိင္ဖုိ႔ နည္းလမ္းမ်ား

Zawgyi ျဖင့္ဖတ္၇န္
နည္းပညာေတြျမင့္မားလာတာနဲ႔ အမွ် လူသားေတြရဲ႕ အခ်ိန္ကုန္ဆံုးမႈ ပံုစံေတြေျပာင္းလဲလာၿပီး ညအိပ္စက္ခ်ိန္ေတြပါ ေလ်ာ့ပါးလာၾကပါတယ္။ ညဖက္အိပ္မေပ်ာ္တာေတြမ်ားတဲ့အခါ စိတ္အလိုမက်တာေတြ၊ စိတ္တိုလြယ္တာေတြပါျဖစ္ေစတဲ့အျပင္ ေက်ာင္းမွာ၊ အလုပ္မွာပါ ထိခိုက္လာေစႏုိင္ပါတယ္။ ဒါ့ေၾကာင့္ ညဖက္ေတြ ေကာင္းေကာင္းအိပ္ေပ်ာ္ေစႏုိင္မယ့္ လူသိပ္မသိေသးတဲ့ နည္းလမ္းတစ္ခ်ိဴ႕ကို ေဖာ္ျပေပးလုိ္က္ပါတယ္။
၁. အလင္းေရာင္ကို ေရွာင္ၾကဥ္ပါ

အျမန္ဆံုးနဲ႔ အေကာင္းဆံုးအိပ္ေပ်ာ္ေစဖို႔ အရင္ဆံုးလိုအပ္တာကေတာ့ သင့္အိပ္တဲ့အခါမွာျဖစ္ေပၚတတ္တဲ့ အက်င့္စရုိက္ပဲျဖစ္ပါတယ္။ အိပ္စက္တဲ့ အခန္းက ေမွာင္ေနရင္ ျမန္ျမန္အိပ္ေပ်ာ္ေစပါတယ္။ ဖုန္း၊ လပ္ေတာ့ စတဲ့ နည္းပညာသံုးပစၥည္းေတြကို အိပ္ယာထဲယူသံုးရင္ အိပ္တဲ့အခါ အဲ့ဒီပစၥည္းေတြက ထြက္တဲ့ အလင္းေရာင္ဟာ သင့္ရဲ႕ အိပ္စက္ျခင္းကို အၾကီးအက်ယ္ေႏွာင့္ယွက္ပါတယ္။ သိပၸံပညာအရ နည္းပညာပစၥည္းေတြက ထြက္တဲ့အလင္းေရာင္ဟာ hypothalamus လို႔ေခၚတဲ့ အိပ္စက္ျခင္းကို ထိန္းခ်ဴပ္တဲ့ ဦးေႏွာက္ရဲ႕အစိတ္အပုိင္းေလးကို ထိခိုက္ေစပါတယ္။ ဒါ့ေၾကာင့္ ေမွာင္ေနတဲ့အခန္းဟာ သင့္ကို အျမန္ဆံုးနဲ႔ ေကာင္းေကာင္းႀကီး အိပ္ေပ်ာ္ေစမွာပါ။
၂။ တရားထုိင္ပါ

တရားထိုင္ျခင္းဟာ ျပသနာအေျမာက္အမ်ားကို ေျဖရွင္းေပးႏုိင္ပါတယ္။ အိပ္မေပ်ာ္တဲ့ ျပသနာကိုလည္း တရားထိုင္ျခင္းနဲ႔ ကုစားႏုိင္ပါတယ္။ ၂၀၀၉ ခုႏွစ္က ထြက္ရွိခဲ့တဲ့ စတမ္းဖိုဒ့္စာတမ္းရဲ႕ အဆိုအရ တရားထိုင္တဲ့သူေတြဟာ တရားမထိုင္တဲ့သူေတြထက္ ၂ဆ ပိုၿပီး ျမန္ျမန္အိပ္ေပ်ာ္ေစႏုိင္ပါတယ္တဲ့။
၃။ အိပ္ယာဝင္ခ်ိန္၊ အိပ္ယာထခ်ိန္ သတ္မွတ္ပါ။

ညစဥ္ ပံုမွန္အိပ္ယာဝင္ခ်ိန္သတ္မွတ္ပါ ဆိုတဲ့စကားကိုေတာ့ ငယ္ငယ္ကတည္းက ၾကားဖူးၾကၿပီးသား ျဖစ္မွာပါ။ အလုပ္ေတြမ်ားၾကတဲ့ ဒီေန႔ေခတ္မွာေတာ့ ပံုမွန္အိပ္ယာဝင္ခ်ိန္တစ္ခုရွိဖို႔ဆိုတာေတာ့ စိန္ေခၚမႈၾကီးတစ္ခု ျဖစ္ေနမွာပါ။ ပံုမွန္အိပ္ခ်ိန္၊ အိပ္ယာထခ်ိန္တစ္ခု သတ္မွတ္တာဟာ သင့္ခႏၶာကိုယ္ရဲ႕ ဇီဝျဖစ္စဥ္အတြက္ အင္မတန္အက်ိဴးရွိေစမွာပါ။ ဒါတင္မကဘဲ သြားစရာရွိတာေတြအတြက္ ေနာက္က်တယ္ဆုိတာ ရွိလာမွာ မဟုတ္ပါဘူး ။
၄။ ေန႔ဖက္ေတြမွာ တေရးမအိပ္ပါနဲ႔

ညဖက္ေတြမွာ ေကာင္းေကာင္းအိပ္ေပ်ာ္ဖို႔ ေရွာင္ၾကဥ္သင့္တဲ့ ေနာက္တစ္ခ်က္ကေတာ့ ေန႔လည္ဖက္ ခဏေမွးျခင္းပါပဲ။ ကၽြမ္းက်င္သူေတြရဲ႕ အဆိုအရ ကိုယ့္ရဲ႕အိပ္စက္ခ်ိန္ကို အသက္အပိုင္းအျခားနဲ႔ လုိက္ၿပီး သတ္မွတ္ထားသင့္ပါတယ္တဲ့။ သင့္ရဲ႕ ခႏၶာကိုယ္က အရမ္းမပင္ပန္းေနဘူး၊ သက္ေသာင့္သက္သာရွိေနမယ္ဆိုရင္ ညဖက္ေတြမွာ ျမန္ျမန္အိပ္ေပ်ာ္ေစမွာပါ။ ဒါ့ေၾကာင္ေန႔လည္ဖက္ေတြမွာ မိနစ္ ၂၀ ထက္ပိုၿပီး တစ္ေရးအိပ္မိတာမ်ိဴး မျဖစ္ပါေစနဲ႔လို႔ ဆုိပါတယ္။
၅။ လာဗန္ဒါအနံ႔နဲ႔ ေလထုကုထံုး

လာဗန္ဒါပန္းေတြဟာ လွပတဲ့ အသြင္အျပင္ရွိသလို လူသိပ္မသိေသးတဲ့ အက်ိဴးေက်းဇူးေတြလည္း ေပးႏုိင္ပါေသးတယ္။ ေလ့လာစမ္းသပ္မႈေတြအရ လာဗန္ဒါပန္းရနံ႔ကို ၂ၾကိမ္၊ ၃ၾကိမ္ေလာက္ရႈရိႈက္တဲ့သူဟာ အိပ္ယာဝင္တဲ့အခါ ခါတိုင္းထက္ ၁၀မိနစ္ေလာက္ေစာၿပီး အိပ္ေပ်ာ္သြားပါတယ္တဲ့။ လာဗန္ဒါပန္းနံ႔ကို အိပ္ခန္းထဲမွာ ပ်ံ႕လြင့္ေနေစတာဟာ မနက္အိပ္ယာထတဲ့အခါ ပိုၿပီး လန္းလန္းဆန္းဆန္းနဲ႔ ႏုိးထလာေစပါတယ္တဲ့။
၆။ အိပ္မက္ထဲမွာ ခရီးထြက္ပါ


အိပ္မေပ်ာ္လို႔ နံပါတ္စဥ္ေရတြက္တာဟာ နည္းလမ္းေကာင္းတစ္ခုဆိုေပမယ့္ အာရံုေၾကာေတြကို တင္းမာေစပါတယ္။ ေလ့လာသူေတြရဲ႕ အဆိုအရ ညဖက္ေကာင္းေကာင္းအိပ္ေပ်ာ္ေစမယ့္ နည္းလမ္းေတြထဲက တစ္ခုအျဖစ္ အိပ္ယာဝင္တဲ့အခါမွာ သင္ခရီးအသြားအလာခ်င္ဆံုးေနရာေတြအေၾကာင္းကို စဥ္းစားတာက၊ သြားခဲ့ဖူးတဲ့ ခရီးေတြအေၾကာင္း ျပန္စဥ္းစားတာ စိတ္ကိုလြပ္လတ္ေစၿပီး အိပ္စက္ျခင္းကို အေထာက္အကူျပဳႏိုင္ပါတယ္တဲ့။ ေရတံခြန္ေလးကေန တသြင္သြင္စီးက်ေနတဲ့ ေရသံေလးအေၾကာင္း၊ ကမ္းေျခကို ေရာက္ေနမယ့္အေၾကာင္းေလး ေတြးၿပီး အိပ္လုိက္ရရင္ျဖင့္… ဟင္းဟင္း…
၇။ သာယာျငိမ့္ေညာင္းတဲ့ ဂီတသံကိုနားေထာင္ပါ

ဂီတက တကယ့္ကို အံ့ဖြယ္ပါပဲ။ ဂီတသံကိုနားေထာင္ရင္း ေကာင္းစြာအိပ္စက္ေစတယ္ဆိုတာကို တိရိစာၦန္ေတြနဲ႔ အပင္ေတြမွာပါ စမ္းသပ္ၿပီးပါၿပီ။ ရစ္သမ္မွန္မွန္တီးခတ္ၿပီး တစ္မိနစ္ကို ၆၀ ကေန ၈၀ ေလာက္ထိပဲ beat သံ ပါဝင္တဲ့ ဂီတသံေတြဟာ သင့္ကို ေကာင္းစြာ အိပ္ေပ်ာ္ေစႏုိင္တဲ့အျပင္ စိတ္က်ေရာဂါကိုပါ ကုစားႏုိင္ပါတယ္။
၈။ အခန္းတြင္း အပူခ်ိန္ကို ညီညြတ္မွ်တပါေစ။

ျမန္မာနုိင္ငံမွာေတာ့ အခန္းတြင္း အပူခ်ိန္ကို ထိန္းညွိထားဖို႔ဆိုတာ အမ်ားစုအတြက္ေတာ့ မလြယ္လွေပမယ့္ ေကာင္းစြာအိပ္ေပ်ာ္ေစတဲ့ အခ်က္ေတြထဲက တစ္ခုအျဖစ္ ေဖာ္ျပသြားပါမယ္။ ပူလြန္း၊ ေအးလြန္းတဲ့ အေနအထားဟာ အိပ္စက္ျခင္းကို အႀကီးအက်ယ္ေနွာင့္ယွက္ပါတယ္။ ကၽြမ္းက်င္သူေတြရဲ႕ အဆိုအရ ၆၅ ဒီဂရီဖာရင္ဟိုက္နဲ႔ ၇၅ ဒီဂရီဖာရင္ဟိုက္ၾကားဟာ အိပ္ေပ်ာ္ေစဖို႔ အေကာင္းဆံုး အပူခ်ိန္အေနအထားပါပဲ။ အခန္းတြင္းအပူခ်ိန္ကအေရးႀကီးသလို အသံုးျပဳတဲ့ေစာင္ကလည္း မွန္ကန္ရပါမယ္။
၉။ ၄-၇-၈ အသက္ရႈနည္းလမ္းကို က်င့္သံုးပါ

ေဒါက္တာ အန္ဒရူးဝီးလ္ရဲ႕ နာမည္ေက်ာ္ ၄-၇-၈ အသက္ရႈနည္းလမ္းကလည္း အိပ္စက္ျခင္းအတြက္ အေကာင္းဆံုး ကုထံုးေတြထဲက တစ္ခုပါပဲ။ ဒီနည္းလမ္းကေတာ့ အသက္ရႈေလ့က်င့္ခန္းတစ္ခု ျဖစ္ၿပီးေတာ့ တစ္မိနစ္ေလာက္အတြင္းမွာကို အိပ္ေပ်ာ္ေစႏုိင္ပါတယ္တဲ့။ နည္းလမ္းကေတာ့
၁. ပထမဆံုးအေနနဲ႔ လွ်ာကို အေပၚသြားရဲ႕ေနာက္ဖက္ အာေခါင္ထိပ္နားကို ထိထားပါ။ ေလ့က်င့္ခန္းလုပ္ေနစဥ္ တစ္ေလွ်ာက္ ထိထားရပါမည္။
၂. ဝုရွ္လို႔ေရရြတ္ၿပီး ပါးစပ္ထဲက ေလကို မႈတ္ထုတ္ပါ။
၃. ပါးစပ္ကိုပိတ္ၿပီး ႏွာေခါင္းေနေလမႈတ္ထုတ္ပါ။ စိတ္ထဲကေန ၄ အထိေရပါ။
၄. အသက္ရႈေအာင့္ၿပီး ၇ အထိအေရတြက္ပါ။
၅. ေနာက္ထပ္ ပါးစပ္ထဲက ေလကို မႈတ္ထုတ္ရင္း ဝုရွ္လို႔ေရရြတ္ပါ။ ၈ ၾကိမ္လုပ္ပါ။
၆. အစအဆံုး ေလးၾကိမ္ ျပန္လုပ္ပါ။
၁၀။ အေတြးေတြကို ခ်ေရးပါ။
ဒီနည္းလမ္းေလးက စိတ္ဝင္စားစရာျဖစ္သလို ကိုယ့္ရဲ႕ စိတ္ကူးဥာဏ္ေတြကိုလည္း ကြန္႔ျမဴးႏိုင္မွာပါ။ ည၊ ည အိပ္မေပ်ာ္တဲ့အခါ မွတ္စုစာအုပ္နဲ႔ ေဘာပင္ကိုယူၿပီး စိတ္ထဲေပၚလာတဲ့ အေတြးစေလးေတြ၊ ကဗ်ာ၊ ဝတၳဳစတဲ့ ၾကိဳက္ရာကို ခ်ေရးလိုက္ပါ။ စိတ္ထဲရွိေနတာေတြေပ့ါပါးၿပီး လွ်င္ျမန္စြာ အိပ္ေပ်ာ္ေစမွာျဖစ္ပါတယ္။
၁၁။ ေယာဂ ကစားပါ

ေယာဂကစားျခင္းျဖင့္ မ်ားျပားလွတဲ့ က်န္းမာေရး အက်ိဴးေက်းဇူးေတြရႏုိင္တယ္ဆိုတာေတာ့ အၾကမ္းဖ်င္းအားျဖင့္ သိၾကမွာပါ။ ဝိတ္က်ေစတယ္။ ခႏၶာကိုယ္ကို သြယ္လ်လွပေစတယ္ က်န္းမာေရးေကာင္းေစတာေတြအျပင္ ညဖက္ေကာင္းေကာင္းအိပ္ေပ်ာ္ေစမွာပါ။
Credit : Orginal Uploader
Unicodeဖြင့်ဖတ်ရန်
နည်းပညာတွေမြင့်မားလာတာနဲ့ အမျှ လူသားတွေရဲ့ အချိန်ကုန်ဆုံးမှု ပုံစံတွေပြောင်းလဲလာပြီး ညအိပ်စက်ချိန်တွေပါ လျော့ပါးလာကြပါတယ်။ ညဖက်အိပ်မပျော်တာတွေများတဲ့အခါ စိတ်အလိုမကျတာတွေ၊ စိတ်တိုလွယ်တာတွေပါဖြစ်စေတဲ့အပြင် ကျောင်းမှာ၊ အလုပ်မှာပါ ထိခိုက်လာစေနိုင်ပါတယ်။ ဒါ့ကြောင့် ညဖက်တွေ ကောင်းကောင်းအိပ်ပျော်စေနိုင်မယ့် လူသိပ်မသိသေးတဲ့ နည်းလမ်းတစ်ချိူ့ကို ဖော်ပြပေးလိုက်ပါတယ်။
၁. အလင်းရောင်ကို ရှောင်ကြဉ်ပါ
အမြန်ဆုံးနဲ့ အကောင်းဆုံးအိပ်ပျော်စေဖို့ အရင်ဆုံးလိုအပ်တာကတော့ သင့်အိပ်တဲ့အခါမှာဖြစ်ပေါ်တတ်တဲ့ အကျင့်စရိုက်ပဲဖြစ်ပါတယ်။ အိပ်စက်တဲ့ အခန်းက မှောင်နေရင် မြန်မြန်အိပ်ပျော်စေပါတယ်။ ဖုန်း၊ လပ်တော့ စတဲ့ နည်းပညာသုံးပစ္စည်းတွေကို အိပ်ယာထဲယူသုံးရင် အိပ်တဲ့အခါ အဲ့ဒီပစ္စည်းတွေက ထွက်တဲ့ အလင်းရောင်ဟာ သင့်ရဲ့ အိပ်စက်ခြင်းကို အကြီးအကျယ်နှောင့်ယှက်ပါတယ်။ သိပ္ပံပညာအရ နည်းပညာပစ္စည်းတွေက ထွက်တဲ့အလင်းရောင်ဟာ hypothalamus လို့ခေါ်တဲ့ အိပ်စက်ခြင်းကို ထိန်းချူပ်တဲ့ ဦးနှောက်ရဲ့အစိတ်အပိုင်းလေးကို ထိခိုက်စေပါတယ်။ ဒါ့ကြောင့် မှောင်နေတဲ့အခန်းဟာ သင့်ကို အမြန်ဆုံးနဲ့ ကောင်းကောင်းကြီး အိပ်ပျော်စေမှာပါ။
၂။ တရားထိုင်ပါ
တရားထိုင်ခြင်းဟာ ပြသနာအမြောက်အများကို ဖြေရှင်းပေးနိုင်ပါတယ်။ အိပ်မပျော်တဲ့ ပြသနာကိုလည်း တရားထိုင်ခြင်းနဲ့ ကုစားနိုင်ပါတယ်။ ၂၀၀၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ စတမ်းဖိုဒ့်စာတမ်းရဲ့ အဆိုအရ တရားထိုင်တဲ့သူတွေဟာ တရားမထိုင်တဲ့သူတွေထက် ၂ဆ ပိုပြီး မြန်မြန်အိပ်ပျော်စေနိုင်ပါတယ်တဲ့။
၃။ အိပ်ယာဝင်ချိန်၊ အိပ်ယာထချိန် သတ်မှတ်ပါ။
ညစဉ် ပုံမှန်အိပ်ယာဝင်ချိန်သတ်မှတ်ပါ ဆိုတဲ့စကားကိုတော့ ငယ်ငယ်ကတည်းက ကြားဖူးကြပြီးသား ဖြစ်မှာပါ။ အလုပ်တွေများကြတဲ့ ဒီနေ့ခေတ်မှာတော့ ပုံမှန်အိပ်ယာဝင်ချိန်တစ်ခုရှိဖို့ဆိုတာတော့ စိန်ခေါ်မှုကြီးတစ်ခု ဖြစ်နေမှာပါ။ ပုံမှန်အိပ်ချိန်၊ အိပ်ယာထချိန်တစ်ခု သတ်မှတ်တာဟာ သင့်ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်အတွက် အင်မတန်အကျိူးရှိစေမှာပါ။ ဒါတင်မကဘဲ သွားစရာရှိတာတွေအတွက် နောက်ကျတယ်ဆိုတာ ရှိလာမှာ မဟုတ်ပါဘူး ။
၄။ နေ့ဖက်တွေမှာ တရေးမအိပ်ပါနဲ့
ညဖက်တွေမှာ ကောင်းကောင်းအိပ်ပျော်ဖို့ ရှောင်ကြဉ်သင့်တဲ့ နောက်တစ်ချက်ကတော့ နေ့လည်ဖက် ခဏမှေးခြင်းပါပဲ။ ကျွမ်းကျင်သူတွေရဲ့ အဆိုအရ ကိုယ့်ရဲ့အိပ်စက်ချိန်ကို အသက်အပိုင်းအခြားနဲ့ လိုက်ပြီး သတ်မှတ်ထားသင့်ပါတယ်တဲ့။ သင့်ရဲ့ ခန္ဓာကိုယ်က အရမ်းမပင်ပန်းနေဘူး၊ သက်သောင့်သက်သာရှိနေမယ်ဆိုရင် ညဖက်တွေမှာ မြန်မြန်အိပ်ပျော်စေမှာပါ။ ဒါ့ကြောင်နေ့လည်ဖက်တွေမှာ မိနစ် ၂၀ ထက်ပိုပြီး တစ်ရေးအိပ်မိတာမျိူး မဖြစ်ပါစေနဲ့လို့ ဆိုပါတယ်။
၅။ လာဗန်ဒါအနံ့နဲ့ လေထုကုထုံး
လာဗန်ဒါပန်းတွေဟာ လှပတဲ့ အသွင်အပြင်ရှိသလို လူသိပ်မသိသေးတဲ့ အကျိူးကျေးဇူးတွေလည်း ပေးနိုင်ပါသေးတယ်။ လေ့လာစမ်းသပ်မှုတွေအရ လာဗန်ဒါပန်းရနံ့ကို ၂ကြိမ်၊ ၃ကြိမ်လောက်ရှုရှိုက်တဲ့သူဟာ အိပ်ယာဝင်တဲ့အခါ ခါတိုင်းထက် ၁၀မိနစ်လောက်စောပြီး အိပ်ပျော်သွားပါတယ်တဲ့။ လာဗန်ဒါပန်းနံ့ကို အိပ်ခန်းထဲမှာ ပျံ့လွင့်နေစေတာဟာ မနက်အိပ်ယာထတဲ့အခါ ပိုပြီး လန်းလန်းဆန်းဆန်းနဲ့ နိုးထလာစေပါတယ်တဲ့။
၆။ အိပ်မက်ထဲမှာ ခရီးထွက်ပါ
အိပ်မပျော်လို့ နံပါတ်စဉ်ရေတွက်တာဟာ နည်းလမ်းကောင်းတစ်ခုဆိုပေမယ့် အာရုံကြောတွေကို တင်းမာစေပါတယ်။ လေ့လာသူတွေရဲ့ အဆိုအရ ညဖက်ကောင်းကောင်းအိပ်ပျော်စေမယ့် နည်းလမ်းတွေထဲက တစ်ခုအဖြစ် အိပ်ယာဝင်တဲ့အခါမှာ သင်ခရီးအသွားအလာချင်ဆုံးနေရာတွေအကြောင်းကို စဉ်းစားတာက၊ သွားခဲ့ဖူးတဲ့ ခရီးတွေအကြောင်း ပြန်စဉ်းစားတာ စိတ်ကိုလွပ်လတ်စေပြီး အိပ်စက်ခြင်းကို အထောက်အကူပြုနိုင်ပါတယ်တဲ့။ ရေတံခွန်လေးကနေ တသွင်သွင်စီးကျနေတဲ့ ရေသံလေးအကြောင်း၊ ကမ်းခြေကို ရောက်နေမယ့်အကြောင်းလေး တွေးပြီး အိပ်လိုက်ရရင်ဖြင့်… ဟင်းဟင်း…
၇။ သာယာငြိမ့်ညောင်းတဲ့ ဂီတသံကိုနားထောင်ပါ
ဂီတက တကယ့်ကို အံ့ဖွယ်ပါပဲ။ ဂီတသံကိုနားထောင်ရင်း ကောင်းစွာအိပ်စက်စေတယ်ဆိုတာကို တိရိစ္ဆာန်တွေနဲ့ အပင်တွေမှာပါ စမ်းသပ်ပြီးပါပြီ။ ရစ်သမ်မှန်မှန်တီးခတ်ပြီး တစ်မိနစ်ကို ၆၀ ကနေ ၈၀ လောက်ထိပဲ beat သံ ပါဝင်တဲ့ ဂီတသံတွေဟာ သင့်ကို ကောင်းစွာ အိပ်ပျော်စေနိုင်တဲ့အပြင် စိတ်ကျရောဂါကိုပါ ကုစားနိုင်ပါတယ်။
၈။ အခန်းတွင်း အပူချိန်ကို ညီညွတ်မျှတပါစေ။
မြန်မာနိုင်ငံမှာတော့ အခန်းတွင်း အပူချိန်ကို ထိန်းညှိထားဖို့ဆိုတာ အများစုအတွက်တော့ မလွယ်လှပေမယ့် ကောင်းစွာအိပ်ပျော်စေတဲ့ အချက်တွေထဲက တစ်ခုအဖြစ် ဖော်ပြသွားပါမယ်။ ပူလွန်း၊ အေးလွန်းတဲ့ အနေအထားဟာ အိပ်စက်ခြင်းကို အကြီးအကျယ်နှောင့်ယှက်ပါတယ်။ ကျွမ်းကျင်သူတွေရဲ့ အဆိုအရ ၆၅ ဒီဂရီဖာရင်ဟိုက်နဲ့ ၇၅ ဒီဂရီဖာရင်ဟိုက်ကြားဟာ အိပ်ပျော်စေဖို့ အကောင်းဆုံး အပူချိန်အနေအထားပါပဲ။ အခန်းတွင်းအပူချိန်ကအရေးကြီးသလို အသုံးပြုတဲ့စောင်ကလည်း မှန်ကန်ရပါမယ်။
၉။ ၄-၇-၈ အသက်ရှုနည်းလမ်းကို ကျင့်သုံးပါ
ဒေါက်တာ အန်ဒရူးဝီးလ်ရဲ့ နာမည်ကျော် ၄-၇-၈ အသက်ရှုနည်းလမ်းကလည်း အိပ်စက်ခြင်းအတွက် အကောင်းဆုံး ကုထုံးတွေထဲက တစ်ခုပါပဲ။ ဒီနည်းလမ်းကတော့ အသက်ရှုလေ့ကျင့်ခန်းတစ်ခု ဖြစ်ပြီးတော့ တစ်မိနစ်လောက်အတွင်းမှာကို အိပ်ပျော်စေနိုင်ပါတယ်တဲ့။ နည်းလမ်းကတော့
၁. ပထမဆုံးအနေနဲ့ လျှာကို အပေါ်သွားရဲ့နောက်ဖက် အာခေါင်ထိပ်နားကို ထိထားပါ။ လေ့ကျင့်ခန်းလုပ်နေစဉ် တစ်လျှောက် ထိထားရပါမည်။
၂. ဝုရှ်လို့ရေရွတ်ပြီး ပါးစပ်ထဲက လေကို မှုတ်ထုတ်ပါ။
၃. ပါးစပ်ကိုပိတ်ပြီး နှာခေါင်းနေလေမှုတ်ထုတ်ပါ။ စိတ်ထဲကနေ ၄ အထိရေပါ။
၄. အသက်ရှုအောင့်ပြီး ၇ အထိအရေတွက်ပါ။
၅. နောက်ထပ် ပါးစပ်ထဲက လေကို မှုတ်ထုတ်ရင်း ဝုရှ်လို့ရေရွတ်ပါ။ ၈ ကြိမ်လုပ်ပါ။
၆. အစအဆုံး လေးကြိမ် ပြန်လုပ်ပါ။
၁၀။ အတွေးတွေကို ချရေးပါ။
ဒီနည်းလမ်းလေးက စိတ်ဝင်စားစရာဖြစ်သလို ကိုယ့်ရဲ့ စိတ်ကူးဉာဏ်တွေကိုလည်း ကွန့်မြူးနိုင်မှာပါ။ ည၊ ည အိပ်မပျော်တဲ့အခါ မှတ်စုစာအုပ်နဲ့ ဘောပင်ကိုယူပြီး စိတ်ထဲပေါ်လာတဲ့ အတွေးစလေးတွေ၊ ကဗျာ၊ ဝတ္ထုစတဲ့ ကြိုက်ရာကို ချရေးလိုက်ပါ။ စိတ်ထဲရှိနေတာတွေပေ့ါပါးပြီး လျှင်မြန်စွာ အိပ်ပျော်စေမှာဖြစ်ပါတယ်။
၁၁။ ယောဂ ကစားပါ
ယောဂကစားခြင်းဖြင့် များပြားလှတဲ့ ကျန်းမာရေး အကျိူးကျေးဇူးတွေရနိုင်တယ်ဆိုတာတော့ အကြမ်းဖျင်းအားဖြင့် သိကြမှာပါ။ ဝိတ်ကျစေတယ်။ ခန္ဓာကိုယ်ကို သွယ်လျလှပစေတယ် ကျန်းမာရေးကောင်းစေတာတွေအပြင် ညဖက်ကောင်းကောင်းအိပ်ပျော်စေမှာပါ။
Credit : Orginal Uploader
Post a Comment