ခါးနာသက္သာေစမည့္ သေဘၤာရြက္ကုထံုး..



Zawgyi ျဖင့္ဖတ္၇န္

ခါးနာအတြက္ သဘာ၀နည္းျဖင့္ ကုသႏိုင္မည့္ ကုထံုးမ်ားကို မၾကာခဏ တင္ေပးဖူးခဲ့ျပီးပါျပီ။ အရင္ပတ္က အားလူးကပ္နဲ့နည္းကို တင္ေပးခဲ့ျပီး ဒီတစ္ခါေတာ့ သေဘၤာရြက္ကုထံုးကို ထပ္မံတင္ေပးလိုက္ပါတယ္။

ညမအိပ္ခင္ သေဘၤာရြက္ လတ္လတ္ဆတ္ဆတ္နဲ့ ခပ္သန့္သန့္ေလးကို တစ္ရြက္ ခူးယူျပီး နာေနတဲ့ခါးေပၚကို(အကီ်ီအတြင္း) ကပ္ထားျပီး ပက္လက္လန္ျပီး အိပ္ပါ။

ခႏၶာကုိယ္မွ အပူမ်ားကို သေဘၤာရြက္မွ သဘာ၀ဓါတ္သေဘာျဖင့္ စုပ္ယူေပးပါမည္။ ပူရွိန္းရွိန္းေလး ခံစားရပါမည္။ ခါးနာသက္သာတဲ့အထိ တစ္ပတ္ ၁၀ ရက္ခန့္ ညစဥ္ လုပ္ေပးႏိုင္ပါတယ္။

မနက္အိပ္ယာထတဲ့အခ်ိန္ ေရတစ္ခြက္ေသာက္ျပီးလွ်င္ ေနာက္ေဖးမ၀င္မီ ခါးနာသက္သာေစမည့္ ေလ့က်င့္ခန္းကို အရင္လုပ္ေပးပါ။

လုပ္ရမယ့္ ေလ့က်င့္ခန္းကေတာ့ ပံုထဲမွာ ျပထားေပးတဲ့အတုိင္း တည့္တည့္ မတ္သပ္ရပ္ျပီး ခါးကို ေရွ့သို့ အနည္းငယ္ ကိုင္းျပီးလွ်င္ ခါးကို အားျပဳျပီး ေျဖးေျဖးခ်င္းစီ စေကာ၀ိုင္းသလိုမ်ိဳး ဘယ္ျပန္ညာျပန္ ၁၀ ၾကိမ္ခန့္ လွည့္ေပးပါ။

ဒီလိုေလ့က်င့္ခန္းကို လုပ္ေပးျခင္းအားျဖင့္ ခါးရိုးခါးဆစ္မွ အပူမ်ားထြက္သြားျပီး အေက်ာမ်ားလည္း ပြင့္သြားသလို အေညာင္းအညာမ်ားလည္း ေျပသြားေစပါတယ္။

ညေနပိုင္း ေရခ်ိဳးခါနီးမွာလည္း ေနာက္တစ္ၾကိမ္ ေလ့က်င့္ေပးႏိုင္ပါတယ္။ တစ္ေန့ကို ၂ ၾကိမ္ခန့္ ျပဳလုပ္ႏိုင္ပါတယ္။

(သတိျပဳရန္) ခါးလွည့္သည့္အခါ ေျဖးညွင္းစြာ လွည့္ရပါမည္။ ခြန္အားထည့္ျပီး အလွ်င္အျမန္လုပ္ပါက အခန့္မသင့္လွ်င္ ပိုနာသြားတတ္ပါသည္။

လူသားတုိင္း က်န္းမာစြာ အသက္ရွည္ႏိုင္ၾကပါေစ။

ေစာႏြဲ ့ေနဆိုင္(ပူတာအို)
ကိုးကား – သဘာ၀ေဆးနည္းတိုမ်ား

Unicodeဖြင့်ဖတ်ရန်

ခါးနာသက်သာစေမည့် သင်္ဘောရွက်ကုထုံး

ခါးနာအတွက် သဘာဝနည်းဖြင့် ကုသနိုင်မည့် ကုထုံးများကို မကြာခဏ တင်ပေးဖူးခဲ့ပြီးပါပြီ။ အရင်ပတ်က အားလူးကပ်နဲ့နည်းကို တင်ပေးခဲ့ပြီး ဒီတစ်ခါတော့ သင်္ဘောရွက်ကုထုံးကို ထပ်မံတင်ပေးလိုက်ပါတယ်။

ညမအိပ်ခင် သင်္ဘောရွက် လတ်လတ်ဆတ်ဆတ်နဲ့ ခပ်သန့်သန့်လေးကို တစ်ရွက် ခူးယူပြီး နာနေတဲ့ခါးပေါ်ကို(အကျီီအတွင်း) ကပ်ထားပြီး ပက်လက်လန်ပြီး အိပ်ပါ။

ခန္ဓာကိုယ်မှ အပူများကို သင်္ဘောရွက်မှ သဘာဝဓါတ်သဘောဖြင့် စုပ်ယူပေးပါမည်။ ပူရှိန်းရှိန်းလေး ခံစားရပါမည်။ ခါးနာသက်သာတဲ့အထိ တစ်ပတ် ၁၀ ရက်ခန့် ညစဉ် လုပ်ပေးနိုင်ပါတယ်။

မနက်အိပ်ယာထတဲ့အချိန် ရေတစ်ခွက်သောက်ပြီးလျှင် နောက်ဖေးမဝင်မီ ခါးနာသက်သာစေမည့် လေ့ကျင့်ခန်းကို အရင်လုပ်ပေးပါ။

လုပ်ရမယ့် လေ့ကျင့်ခန်းကတော့ ပုံထဲမှာ ပြထားပေးတဲ့အတိုင်း တည့်တည့် မတ်သပ်ရပ်ပြီး ခါးကို ရှေ့သို့ အနည်းငယ် ကိုင်းပြီးလျှင် ခါးကို အားပြုပြီး ဖြေးဖြေးချင်းစီ စကောဝိုင်းသလိုမျိုး ဘယ်ပြန်ညာပြန် ၁၀ ကြိမ်ခန့် လှည့်ပေးပါ။

ဒီလိုလေ့ကျင့်ခန်းကို လုပ်ပေးခြင်းအားဖြင့် ခါးရိုးခါးဆစ်မှ အပူများထွက်သွားပြီး အကျောများလည်း ပွင့်သွားသလို အညောင်းအညာများလည်း ပြေသွားစေပါတယ်။

ညနေပိုင်း ရေချိုးခါနီးမှာလည်း နောက်တစ်ကြိမ် လေ့ကျင့်ပေးနိုင်ပါတယ်။ တစ်နေ့ကို ၂ ကြိမ်ခန့် ပြုလုပ်နိုင်ပါတယ်။

(သတိပြုရန်) ခါးလှည့်သည့်အခါ ဖြေးညှင်းစွာ လှည့်ရပါမည်။ ခွန်အားထည့်ပြီး အလျှင်အမြန်လုပ်ပါက အခန့်မသင့်လျှင် ပိုနာသွားတတ်ပါသည်။

လူသားတိုင်း ကျန်းမာစွာ အသက်ရှည်နိုင်ကြပါစေ။

စောနွဲ ့နေဆိုင်(ပူတာအို)
ကိုးကား – သဘာဝဆေးနည်းတိုများ
Powered by Blogger.