ႏွာရည္ယိုအတြက္ သဘာ၀ေဆးနည္း
ႏွာေခါင္းထဲကေန ႏွာရည္ေတြယိုျပီး စိတ္ညစ္ေနရင္ ဒီေဆးနည္းနဲ့ လက္ေတြ့အသံုးျပဳျပီး ကုသႏုိင္ၾကပါတယ္။
(၁) ပရေဆးဆိုင္မွာ နလင္ေက်ာ္မွဳန့္ကို ေမး၀ယ္ပါ။ ျပည္ပေရာက္ျမန္မာမ်ား အဂၤလိပ္လို Cinnamomum obtusifolium ဆိုျပီး ေမး၀ယ္ပါ။
(၂) ၄င္းအမွဳန့္ကို မီးခဲေပၚ အနည္းငယ္ျဖဴးျပီး ၄င္းေဆးအခိုးေငြ့ကို ရွဴေပးပါ။
(၃) ညဖက္အိပ္ယာ၀င္ခါနီး ေျခဖ၀ါးကို ဆားပြတ္ပါ။ ဒူးအထက္ကေန ေရေလာင္းခ်ျပီး အပူကို ထုတ္ေပးပါ။
(၄) မ်က္ႏွာသစ္တိုင္း ေရကို လက္ခုပ္နဲ့ရွဴသြင္းပါ။
ႏွာရည္ယိုျခင္း မၾကာခင္ ေပ်ာက္ကင္းသြားပါလိမ့္မယ္။ လူသားအားလံုး က်န္းမာခ်မ္းသာၾကပါေစ။
ေစာႏြဲ ့ေနဆိုင္- ပူတာအို
Unicodeဖြင့်ဖတ်ရန်
နှာရည်ယိုအတွက် သဘာဝဆေးနည်း
နှာခေါင်းထဲကနေ နှာရည်တွေယိုပြီး စိတ်ညစ်နေရင် ဒီဆေးနည်းနဲ့ လက်တွေ့အသုံးပြုပြီး ကုသနိုင်ကြပါတယ်။
(၁) ပရဆေးဆိုင်မှာ နလင်ကျော်မှုန့်ကို မေးဝယ်ပါ။ ပြည်ပရောက်မြန်မာများ အင်္ဂလိပ်လို Cinnamomum obtusifolium ဆိုပြီး မေးဝယ်ပါ။
(၂) ၄င်းအမှုန့်ကို မီးခဲပေါ် အနည်းငယ်ဖြူးပြီး ၄င်းဆေးအခိုးငွေ့ကို ရှူပေးပါ။
(၃) ညဖက်အိပ်ယာဝင်ခါနီး ခြေဖဝါးကို ဆားပွတ်ပါ။ ဒူးအထက်ကနေ ရေလောင်းချပြီး အပူကို ထုတ်ပေးပါ။
(၄) မျက်နှာသစ်တိုင်း ရေကို လက်ခုပ်နဲ့ရှူသွင်းပါ။
နှာရည်ယိုခြင်း မကြာခင် ပျောက်ကင်းသွားပါလိမ့်မယ်။ လူသားအားလုံး ကျန်းမာချမ်းသာကြပါစေ။
စောနွဲ ့နေဆိုင်- ပူတာအို


Post a Comment