ျမန္မာ့အာယုေဗၺဒ သိမ္ျဖဴေဆးသိပၸံဆရာေတာ္ ဲ ေရးသားေသာ “ျမန္မာ့အာယုေဗၺဒေဆးပညာႏွင့္ ဆီးခ်ိဳေရာဂါ”
“ဆီးခ်ိဳႏွင့္အညႇီအေဟာက္ (ဂႏၶာ႐ံု)”
ဆီးခ်ဳိကို ကုသရာ၌ အစာအာဟာရကိုသာကြၽႏ္ုပ္တုိ႔ ၾကပ္မၫႊန္ၾကားေနရသည္မဟုတ္၊
ဆီးခ်ဳိအတြက္ အနံ႔အသက္၊ အညႇီအေဟာက္(ဂႏၶာ႐ံု)မ်ားကိုလည္း သတိေပးေနရ၏။ လက္ေတြ႔အားသတိမေပး၍ မျဖစ္သည္ကို ေတြ႔ရ၏။
ဥပမာ-အခ်ဳိဓာတ္နည္းေသာ ငါး၊ ၾကက္၊ ဆိတ္ စသည္တုိ႔သည္ဆီးခ်ဳိရွိသူမ်ားအား သင့္ျမတ္၏။
ပါရွိေသာအခ်ဳိဓာတ္ကုိလည္းအခ်ဥ္၊ အစပ္ဟင္းဘက္တုိ႔ျဖင့္ တြဲဖက္ခ်ဳိးႏွိမ္ေပးၿပီးလွ်င္ စားေသာက္ႏုိင္ၾကေသာ္လည္းထိုအသားတုိ႔၌ပါေသာ အညႇီနံ႔(ဂႏၶာ႐ံု)
ကား အသား၌ပါေသာအခ်ဳိထက္ေၾကာက္မက္ဖြယ္ေကာင္းလွ၏။
၀ါေယာဓာတ္ဦးေဆာင္ေနေသာထိုအညႇီနံ႔(ဂႏၶာ႐ံု)ကို မည္မွ်ေလာက္ အခ်ဳိဓာတ္ပါရွိသည္ဟုထုတ္ယူခ်ိန္တြက္ပါမည္နည္း။
ဆီးခ်ဳိေရာဂါ၌ ဟင္းအညႇီနံ႔(ဂႏၶာ႐ံု)သည္မ်ားစြာအႏၲရာယ္ေပးေၾကာင္း လက္ေတြ႔သာဓကတို႔မ်ားလွေပၿပီ။
ထိုေၾကာင့္
ယင္းအညႇီနံ႔(ဂႏၶာ႐ံု)မ်ားကို ပယ္ေဖ်ာက္ရန္ လိုအပ္၏။
ယင္း အညႇီနံ႔မ်ားကုိလည္း ပယ္ေဖ်ာက္လ်က္ေဆးဘက္လည္း၀င္၍ ဟင္းဘက္လည္းမည္ေသာအရာမွာ ‘နႏြင္း’သာလွ်င္ျဖစ္၏။
အသားကို နႏြင္းႏွင့္နာနာနယ္၍တတ္ႏုိင္လွ်င္မီးကင္ၿပီးမွထိုသားငါးကို ခ်က္ျပဳတ္စားေသာက္ေသာ္အေကာင္းဆံုးျဖစ္၏။
အသား၏ အညႇီနံ႔ႏွင့္ ေၾကက်က္ခဲေသာအသား၏အပါစကဓာတ္ကိုဖ်က္ဆီးႏိုင္ေသာအရာ၀တၳဳကား‘ခ်င္း’ျဖစ္သည္ကို ကြၽႏ္ုပ္တုိ႔ေတြ႕ရ၏။
ထုိေၾကာင့္ အသားကိုခ်က္ရာ၌ ခ်င္းရည္ကို အသားတြင္းသို႔စိမ့္၀င္ေအာင္ နာနာသိပ္နယ္ၿပီးမွသာလွ်င္ ခ်က္အပ္၏။
နႏြင္းသည္လည္းေကာင္း၊ ခ်င္းသည္လည္းေကာင္းဆီးခ်ဳိကိုဖ်က္ရာ၌ တန္ဖိုးမျဖတ္ႏုိင္ေသာဟင္းလ်ာဘက္၀င္ အာဟာရ(၂)မ်ဳိးျဖစ္သည္ကို ထူးျခားစြာ သတိခ်ပ္အပ္၏။
“ဆီးခ်ဳိႏွင္႕ဆန္ထမင္း”
သစ္သီးစားေသာ တုိင္းျပည္၊ ဂ်ဳံစားေသာ တုိင္းျပည္၊ ဆန္စားေသာတုိင္းျပည္ဟူ၍မိ႐ိုးဖလာစားစဥ္(၃)မ်ဳိးရွိရာတြင္ ကြၽႏ္ုပ္တုိ႔တုိင္းျပည္သည္ ဆန္စားေသာတုိင္းျပည္ျဖစ္၏။
မည္သည့္အစာအာဟာရကိုစားရေစကာမူ ထမင္းမွမစားရလွ်င္ အားရေက်နပ္တင္းတိမ္ေလ့ရွိၾကသည္မဟုတ္၊ထမင္းကား ဆီးခ်ဳိအတြက္အႀကီးမားဆံုးေသာရန္သူလည္း ျဖစ္ေနျပန္၏။
ထိုေၾကာင့္”ထမင္းလည္း စားရေစေတာ့၊ဆီးခ်ဳိလည္းမတိုးေစေတာ့”ဟူေသာ ရည္ရြယ္ခ်က္ျဖင့္ ဆီးခ်ဳိေ၀ဒနာရွင္တုိ႔အား ထမင္းကိုေအာက္ပါအတုိင္းခ်က္၍ ၫႊန္ၾကားရျပန္၏။
ၾသဇာဓာတ္ အနည္းဆံုးျဖစ္ေသာျပဳတ္ဆန္၊ သက္ငယ္စပါးမ်ားသည္သင့္၏။
၎တို႔ကိုႏွစ္ခ်ဳိ႕ထားလွ်င္ ပို၍ေကာင္း၏။
ဆန္ကိုထမင္းရည္ ငွဲ႔၍ခ်က္ပါ၊ၿပီးလွ်င္ ေရေအးေလာင္းထည့္၍ ပြတ္ေဆးပစ္ပါ။
အဆီအေစးကုန္သြားေသာအခါ မီးဖို၌ျပန္တင္၍ ႏွပ္ခ်က္ပါ။ ၎ထမင္းမ်ဳိးကိုသာ စားသင့္၏။
ဂ်ဳံစားေသာ သူတုိ႔အတြက္မူကား- ဂ်ဳံၾကမ္းႏွင့္အခ်ဳိဓာတ္မပါေသာ ေပါင္မုန္႔ညိဳမ်ားသင့္၏။
ထိုကဲ့သုိ႔ ၾသဇာဓာတ္ကင္းေသာထမင္းအစာတုိ႔ကို တစ္စ၊ တစ္စ ေကြၽး၍ ထမင္းရည္ႏွင့္တကြၾသဇာဓာတ္ပါေသာထမင္းကို
တစ္ဆင့္တိုးတက္၍ေကြၽး၏။
အေျခအေနေကာင္းလာေသာအခါလြန္စြာၾသဇာဓာတ္ပါေသာ စပါးနက္စေသာ ဆန္မ်ားကိုပင္ေကြၽးေပး၏။
ပထမဦးစြာ၌ ဆာေလာင္မြတ္သိပ္မႈေျပေပ်ာက္႐ံုသာစားေစရာထိုပထမအဆင့္၌ လူနာရွင္တုိ႔ကလည္း အာသာဆႏၵကို
ထိန္းသိမ္းခ်ဳပ္တည္းရန္ မ်ားစြာလုိအပ္လွေပ၏။
ျမန္မာပိုစ့္(copy)
Unicodeဖြင့်ဖတ်ရန်
“ဆီးချိုနှင့်အညှီအဟောက် (ဂန္ဓာရုံ)”
ဆီးချိုကို ကုသရာ၌ အစာအာဟာရကိုသာကျွန်ုပ်တို့ ကြပ်မညွှန်ကြားနေရသည်မဟုတ်၊
ဆီးချိုအတွက် အနံ့အသက်၊ အညှီအဟောက်(ဂန္ဓာရုံ)များကိုလည်း သတိပေးနေရ၏။ လက်တွေ့အားသတိမပေး၍ မဖြစ်သည်ကို တွေ့ရ၏။
ဥပမာ-အချိုဓာတ်နည်းသော ငါး၊ ကြက်၊ ဆိတ် စသည်တို့သည်ဆီးချိုရှိသူများအား သင့်မြတ်၏။
ပါရှိသောအချိုဓာတ်ကိုလည်းအချဉ်၊ အစပ်ဟင်းဘက်တို့ဖြင့် တွဲဖက်ချိုးနှိမ်ပေးပြီးလျှင် စားသောက်နိုင်ကြသော်လည်းထိုအသားတို့၌ပါသော အညှီနံ့(ဂန္ဓာရုံ)
ကား အသား၌ပါသောအချိုထက်ကြောက်မက်ဖွယ်ကောင်းလှ၏။
ဝါယောဓာတ်ဦးဆောင်နေသောထိုအညှီနံ့(ဂန္ဓာရုံ)ကို မည်မျှလောက် အချိုဓာတ်ပါရှိသည်ဟုထုတ်ယူချိန်တွက်ပါမည်နည်း။
ဆီးချိုရောဂါ၌ ဟင်းအညှီနံ့(ဂန္ဓာရုံ)သည်များစွာအန္တရာယ်ပေးကြောင်း လက်တွေ့သာဓကတို့များလှပေပြီ။
ထိုကြောင့်
ယင်းအညှီနံ့(ဂန္ဓာရုံ)များကို ပယ်ဖျောက်ရန် လိုအပ်၏။
ယင်း အညှီနံ့များကိုလည်း ပယ်ဖျောက်လျက်ဆေးဘက်လည်းဝင်၍ ဟင်းဘက်လည်းမည်သောအရာမှာ ‘နနွင်း’သာလျှင်ဖြစ်၏။
အသားကို နနွင်းနှင့်နာနာနယ်၍တတ်နိုင်လျှင်မီးကင်ပြီးမှထိုသားငါးကို ချက်ပြုတ်စားသောက်သော်အကောင်းဆုံးဖြစ်၏။
အသား၏ အညှီနံ့နှင့် ကြေကျက်ခဲသောအသား၏အပါစကဓာတ်ကိုဖျက်ဆီးနိုင်သောအရာဝတ္ထုကား‘ချင်း’ဖြစ်သည်ကို ကျွန်ုပ်တို့တွေ့ရ၏။
ထိုကြောင့် အသားကိုချက်ရာ၌ ချင်းရည်ကို အသားတွင်းသို့စိမ့်ဝင်အောင် နာနာသိပ်နယ်ပြီးမှသာလျှင် ချက်အပ်၏။
နနွင်းသည်လည်းကောင်း၊ ချင်းသည်လည်းကောင်းဆီးချိုကိုဖျက်ရာ၌ တန်ဖိုးမဖြတ်နိုင်သောဟင်းလျာဘက်ဝင် အာဟာရ(၂)မျိုးဖြစ်သည်ကို ထူးခြားစွာ သတိချပ်အပ်၏။
“ဆီးချိုနှင့်ဆန်ထမင်း”
သစ်သီးစားသော တိုင်းပြည်၊ ဂျုံစားသော တိုင်းပြည်၊ ဆန်စားသောတိုင်းပြည်ဟူ၍မိရိုးဖလာစားစဉ်(၃)မျိုးရှိရာတွင် ကျွန်ုပ်တို့တိုင်းပြည်သည် ဆန်စားသောတိုင်းပြည်ဖြစ်၏။
မည်သည့်အစာအာဟာရကိုစားရစေကာမူ ထမင်းမှမစားရလျှင် အားရကျေနပ်တင်းတိမ်လေ့ရှိကြသည်မဟုတ်၊ထမင်းကား ဆီးချိုအတွက်အကြီးမားဆုံးသောရန်သူလည်း ဖြစ်နေပြန်၏။
ထိုကြောင့်”ထမင်းလည်း စားရစေတော့၊ဆီးချိုလည်းမတိုးစေတော့”ဟူသော ရည်ရွယ်ချက်ဖြင့် ဆီးချိုဝေဒနာရှင်တို့အား ထမင်းကိုအောက်ပါအတိုင်းချက်၍ ညွှန်ကြားရပြန်၏။
သြဇာဓာတ် အနည်းဆုံးဖြစ်သောပြုတ်ဆန်၊ သက်ငယ်စပါးများသည်သင့်၏။
၎င်းတို့ကိုနှစ်ချို့ထားလျှင် ပို၍ကောင်း၏။
ဆန်ကိုထမင်းရည် ငှဲ့၍ချက်ပါ၊ပြီးလျှင် ရေအေးလောင်းထည့်၍ ပွတ်ဆေးပစ်ပါ။
အဆီအစေးကုန်သွားသောအခါ မီးဖို၌ပြန်တင်၍ နှပ်ချက်ပါ။ ၎င်းထမင်းမျိုးကိုသာ စားသင့်၏။
ဂျုံစားသော သူတို့အတွက်မူကား- ဂျုံကြမ်းနှင့်အချိုဓာတ်မပါသော ပေါင်မုန့်ညိုများသင့်၏။
ထိုကဲ့သို့ သြဇာဓာတ်ကင်းသောထမင်းအစာတို့ကို တစ်စ၊ တစ်စ ကျွေး၍ ထမင်းရည်နှင့်တကွသြဇာဓာတ်ပါသောထမင်းကို
တစ်ဆင့်တိုးတက်၍ကျွေး၏။
အခြေအနေကောင်းလာသောအခါလွန်စွာသြဇာဓာတ်ပါသော စပါးနက်စသော ဆန်များကိုပင်ကျွေးပေး၏။
ပထမဦးစွာ၌ ဆာလောင်မွတ်သိပ်မှုပြေပျောက်ရုံသာစားစေရာထိုပထမအဆင့်၌ လူနာရှင်တို့ကလည်း အာသာဆန္ဒကို
ထိန်းသိမ်းချုပ်တည်းရန် များစွာလိုအပ်လှပေ၏။
မြန်မာပိုစ့်(copy)


Post a Comment