အရြက္မွအစ အျမစ္အဆံုး ပဥၥငါးပါးလံုး ေဆးဖက္၀င္သည့္ ၾသဇာပင္...
Zawgyi ျဖင့္ဖတ္၇န္
အရြက္မွအစ အျမစ္အဆံုး ပဥၥငါးပါးလံုး ေဆးဖက္၀င္သည့္ ၾသဇာပင္
ၾသဇာပင္ သည္ ျမန္မာႏုိင္ငံ အႏွံ႔အျပား တြင္ ေပါက္ေရာက္ေလ့ ရွိၿပီး အလယ္ပိုင္း ေဒသမ်ား၌ အေလ့က် ေပါက္သည္ကုိ ေတြ႕ရသည္။
ျမန္မာ့ ေဆးက်မ္းမ်ား အရ ၾသဇာသီးသည္ ေအး၍ ေသြးအားကုိ တုိးပြားေစသည္။
ႏွလံုးကုိ မ်ားစြာ အက်ိဳးျပဳ၍ ပူေလာင္ျခင္း ၊ ေလပူေရာဂါ ႏွင့္ ေသြးအန္ေရာဂါ မ်ားကုိ ပယ္ေဖ်ာက္ ႏုိင္စြမ္း ရွိသည္။
ၾသဇာရြက္ ကုိ ႀကိတ္၍ စားျခင္းျဖင့္ သန္မာေစၿပီး အရြက္ကုိ ေခ်၍ ရွဴေပးပါက အမူးအေမာ္ သက္သာေစသည္။
ၾသဇာသီး အစိမ္းသည္ ခ်ဳပ္ေသာ သတၱိ ရွိသျဖင့္ ၀မ္းသြားျခင္း ၊ ၀မ္းသက္ျခင္း မ်ားအတြက္ ေကာင္း၏။
၀မ္းကိုက္ေရာဂါ ၊ ေလနာေရာဂါ ႏွင့္ အစာအိမ္ မေကာင္းျခင္း တုိ႔ကုိလည္း ေပ်ာက္ကင္း ေစႏုိင္သည္။
ၾသဖာသီး အေစ့ကုိ အမႈန္႔ ျပဳလုပ္ကာ အနာမ်ားေပၚ ျဖဴးေပးပါက ပုိးမ်ား ေသ၍ ေပ်ာက္ကင္း ေစႏုိင္ၿပီး ၾသဇာပင္မွ အျမစ္ကုိ ေသြး၍ ေသာက္ပါက ဆီးခ်ဳိ ၊ ဆီးခ်ဳပ္ ေရာဂါမ်ား ေပ်ာက္ကင္း ေစႏုိင္ေၾကာင္း သိရသည္။
ကန္စြန္းရြက္ျဖင့္ အသားအေရ လွပေအာင္ ထိန္းသိမ္းနည္းကန္စြန္းရြက္ သည္ က်န္းမာေရး အတြက္ အေထာက္အကူ ျဖစ္ေစ႐ံု သာမက အသားအေရ ကုိ လွပ သန္႔ရွင္း ေစလုိသည့္ ပ်ိဳေမတို႔ အတြက္ အေကာင္းဆံုး အေဖာ္မြန္ ျဖစ္ပါသည္။
၀က္ၿခံ ၊ တင္းတိပ္ ၊ အမည္းစက္ မ်ားႏွင့္ မ်က္ႏွာ အသားအေရ အေရာင္မညီ ျဖစ္ျခင္းမ်ား အတြက္ စိတ္မပ်က္ ပါႏွင့္။
ကန္စြန္းရြက္ကုိ ႀကိတ္ၿပီး ယင္း အရည္ တစ္မ်ိဳးတည္း လိမ္းေပးျခင္းျဖင့္ သက္သာ လာေစႏုိင္သည္။
ကန္စြန္းရြက္ သတၱဳရည္ စားပဲြတင္ဇြန္း ၄ ဇြန္းကုိ ပ်ားရည္ တစ္ဇြန္းႏွင့္ သမေအာင္ ေမႊကာ ခႏၶာကုိယ္ကုိ ေန႔ည ပံုမွန္ လိမ္းေပးျခင္းျဖင့္ လည္း အသားအေရ ကုိ ၀င္းလက္ စိုေျပလာ ေစႏုိင္သည္။
ဆံပင္ မသန္၍ စိတ္ညစ္ေန သူမ်ား အတြက္ ကန္စြန္းရြက္ အရည္ကုိ ညႇစ္ၿပီး ဦးေရျပားထဲ စိမ့္၀င္ေအာင္ ႏွိပ္နယ္ ေပးျခင္းျဖင့္ ဆံေကသာကုိ အရွည္ျမန္ ေစမွာ ျဖစ္သည့္အျပင္ ေဗာက္ မ်ားကုိလည္း ကင္းစင္ ေစပါသည္။
မီးဟပ္ျခင္း ႏွင့္ မီးေလာင္ ဒဏ္ရာမ်ား အတြက္ ကန္စြန္းရြက္ အရည္ကုိ သၾကား ႏွင့္ ေရာစပ္ကာ လိမ္းေပးျခင္း ျဖင့္ အပူေလာင္ျခင္း ကုိ သက္သာေစကာ အမာရြတ္ မက်န္ ေပ်ာက္ကင္း ေစႏုိင္သည္။
ယေန႔ ကမၻာတြင္ က်န္းမာေရး အျမင္ရွိသူ တုိင္းသည္ သစ္သီး၀လံ ႏွင့္ ဟင္းသီးဟင္းရြက္ မ်ားက က်န္းမာေရး အေထာက္ အကူျပဳ အာဟာရ အစားအစာ မ်ားအျဖစ္ အေရးပါပံု ကုိ သိျမင္ လက္ခံ လာၾကၿပီ ျဖစ္သည္။
ယင္းေၾကာင့္ မိမိတို႔ ပတ္၀န္းက်င္ တြင္ ေငြကုန္ သက္သာကာ အလြယ္တကူ ရရွိႏုိင္ၿပီး က်န္းမာေရး ကုိ အေထာက္အကူ ျဖစ္ေစမည့္ ကန္စြန္းရြက္ကုိ စားသံုး ေပးၾကပါရန္ တုိက္တြန္း ေရးသား လုိက္ရပါသည္။
ဖုိးသန္႔
crd-PyiChitThar
Unicodeဖြင့်ဖတ်ရန်
အရွက်မှအစ အမြစ်အဆုံး ပဥ္စငါးပါးလုံး ဆေးဖက်ဝင်သည့် သြဇာပင်
သြဇာပင် သည် မြန်မာနိုင်ငံ အနှံ့အပြား တွင် ပေါက်ရောက်လေ့ ရှိပြီး အလယ်ပိုင်း ဒေသများ၌ အလေ့ကျ ပေါက်သည်ကို တွေ့ရသည်။
မြန်မာ့ ဆေးကျမ်းများ အရ သြဇာသီးသည် အေး၍ သွေးအားကို တိုးပွားစေသည်။
နှလုံးကို များစွာ အကျိုးပြု၍ ပူလောင်ခြင်း ၊ လေပူရောဂါ နှင့် သွေးအန်ရောဂါ များကို ပယ်ဖျောက် နိုင်စွမ်း ရှိသည်။
သြဇာရွက် ကို ကြိတ်၍ စားခြင်းဖြင့် သန်မာစေပြီး အရွက်ကို ချေ၍ ရှူပေးပါက အမူးအမော် သက်သာစေသည်။
သြဇာသီး အစိမ်းသည် ချုပ်သော သတ္တိ ရှိသဖြင့် ၀မ်းသွားခြင်း ၊ ၀မ်းသက်ခြင်း များအတွက် ကောင်း၏။
၀မ်းကိုက်ရောဂါ ၊ လေနာရောဂါ နှင့် အစာအိမ် မကောင်းခြင်း တို့ကိုလည်း ပျောက်ကင်း စေနိုင်သည်။
သြဖာသီး အစေ့ကို အမှုန့် ပြုလုပ်ကာ အနာများပေါ် ဖြူးပေးပါက ပိုးများ သေ၍ ပျောက်ကင်း စေနိုင်ပြီး သြဇာပင်မှ အမြစ်ကို သွေး၍ သောက်ပါက ဆီးချို ၊ ဆီးချုပ် ရောဂါများ ပျောက်ကင်း စေနိုင်ကြောင်း သိရသည်။
ကန်စွန်းရွက်ဖြင့် အသားအရေ လှပအောင် ထိန်းသိမ်းနည်းကန်စွန်းရွက် သည် ကျန်းမာရေး အတွက် အထောက်အကူ ဖြစ်စေရုံ သာမက အသားအရေ ကို လှပ သန့်ရှင်း စေလိုသည့် ပျိုမေတို့ အတွက် အကောင်းဆုံး အဖော်မွန် ဖြစ်ပါသည်။
၀က်ခြံ ၊ တင်းတိပ် ၊ အမည်းစက် များနှင့် မျက်နှာ အသားအရေ အရောင်မညီ ဖြစ်ခြင်းများ အတွက် စိတ်မပျက် ပါနှင့်။
ကန်စွန်းရွက်ကို ကြိတ်ပြီး ယင်း အရည် တစ်မျိုးတည်း လိမ်းပေးခြင်းဖြင့် သက်သာ လာစေနိုင်သည်။
ကန်စွန်းရွက် သတ္တုရည် စားပွဲတင်ဇွန်း ၄ ဇွန်းကို ပျားရည် တစ်ဇွန်းနှင့် သမအောင် မွှေကာ ခန္ဓာကိုယ်ကို နေ့ည ပုံမှန် လိမ်းပေးခြင်းဖြင့် လည်း အသားအရေ ကို ၀င်းလက် စိုပြေလာ စေနိုင်သည်။
ဆံပင် မသန်၍ စိတ်ညစ်နေ သူများ အတွက် ကန်စွန်းရွက် အရည်ကို ညှစ်ပြီး ဦးရေပြားထဲ စိမ့်ဝင်အောင် နှိပ်နယ် ပေးခြင်းဖြင့် ဆံကေသာကို အရှည်မြန် စေမှာ ဖြစ်သည့်အပြင် ဗောက် များကိုလည်း ကင်းစင် စေပါသည်။
မီးဟပ်ခြင်း နှင့် မီးလောင် ဒဏ်ရာများ အတွက် ကန်စွန်းရွက် အရည်ကို သကြား နှင့် ရောစပ်ကာ လိမ်းပေးခြင်း ဖြင့် အပူလောင်ခြင်း ကို သက်သာစေကာ အမာရွတ် မကျန် ပျောက်ကင်း စေနိုင်သည်။
ယနေ့ ကမ္ဘာတွင် ကျန်းမာရေး အမြင်ရှိသူ တိုင်းသည် သစ်သီးဝလံ နှင့် ဟင်းသီးဟင်းရွက် များက ကျန်းမာရေး အထောက် အကူပြု အာဟာရ အစားအစာ များအဖြစ် အရေးပါပုံ ကို သိမြင် လက်ခံ လာကြပြီ ဖြစ်သည်။
ယင်းကြောင့် မိမိတို့ ပတ်ဝန်းကျင် တွင် ငွေကုန် သက်သာကာ အလွယ်တကူ ရရှိနိုင်ပြီး ကျန်းမာရေး ကို အထောက်အကူ ဖြစ်စေမည့် ကန်စွန်းရွက်ကို စားသုံး ပေးကြပါရန် တိုက်တွန်း ရေးသား လိုက်ရပါသည်။
ဖိုးသန့်
crd-PyiChitThar

Post a Comment