ဆီးခ်ဳိေရာဂါရွိသူ၏အနာအတြက္ ဇာတိပၹိဳလ္သီးအစြမ္း...

Zawgyi ျဖင့္ဖတ္၇န္
အေမြတစ္ခုရလိုက္သည္။ထိုသည္က ေသြးတိုးျဖစ္၏။
ထိုေသြးတိုးမွာမွအေဖာ္တစ္ဦး ေပၚျပန္သည္ ဆီခ်ိဳ ျဖစ္လာျခင္းျဖစ္သည္။
ေဒါက္တာမ်ားကဆိုသည္ ဆီးခ်ိဳျဖစ္ရင္ အနာမျဖစ္ေအာင္ေနပါတဲ႔.. အနာျဖစ္လွ်င္ေပ်ာက္ဖို႔ မလြယ္ေတာ့၍သတိေပးျခင္းသာ။
ဂရုစိုက္သည့္ၾကား ေသြးစုနာက ေပါင္တြင္ေပါက္ျပန္သည္။ အမွန္ပင္တစ္လေလာက္ဆို လွ်င္ေဆးစားေဆးထည့္လွ်င္ေပ်ာက္သင့္ေပျပီ။ သို႔ေသာ္မေပ်ာက္ပါ။
̏ဒါေလးကိုဆန္ေဆးရည္ျဖင့္ေသြးလူးစမ္းပါဗ်ာ˝
အထင္မၾကီးခဲ႔ပါ။ အားနာ၍သာ ယူထားလိုက္ရ သည္။
ဇနီးသည္မွ ေပ်ာက္ေစခ်င္ေသာ ဆႏၵေၾကာင့္ ဆန္ေဆးရည္ႏွင့္ပ်စ္ပ်စ္ေလးေသြးျပီး လူးေပးခဲ႔ ရာ(၃)ရက္ ေျမာက္ျပီး (၄)ရက္အၾကာတြင္ အနာ ထိပ္တင္းလာရာ တျဖည္းျဖည္းညိွဳးက်သြားကာ တစ္ပတ္ အၾကာတြင္အနာလံုး၀က်က္သြားေတာ့သည္။
ဘ၀တူ မိတ္ေဆြမ်ားအား ဇာတိပၹိဳလ္ကို အထင္မေသးရန္ လက္လွမ္းမီသမွ် ေပးေ၀းငွေပးခဲ႔ပါသည္။
ဆီးခ်ိဳ ေ၀ဒနာရွင္တို႔ အနာေပါက္ျခင္းၾကံဳပါမူ ဇာတိပၹိဳလ္သီးကိုယံုၾကည္လြယ္ကူစြာ ပရေဆးဆိုင္တြင္ ေစ်းမၾကီးပါပဲ ၀ယ္ယူလိုက္ၾကပါလို႔ တိုက္တြန္းရပါသည္။
ဇာတိပၹိဳလ္
အသီးအတြင္းရွိအဆံကို ဇာတိပၹိဳလ္သီး ဟုယူသည္။အဆံအားေမွးယွက္ေနေသာ အဖက္ကိုဇာတိပၹိဳလ္ပြင့္ဟုေခၚသည္။
သတၱ၀ါတို႔၏အသက္ကိုကယ္တင္ရာတြင္ ထိုအပင္သည္ေရွ႕တန္းတြင္ပါသည္။
အရသာ ဖန္၊ခါး၊စပ္ျပီး ပူေသာသတၱိရွိသည္။
ဇာတိပၹိဳလ္ေကာင္းမေကာင္း
ေခ်ာမြတ္ျခင္း၊ကိုင္၍လွဳပ္က အသံျမည္ကာ ေလးတဲြျခင္းရွိရသည္။ထိုမွေကာင္းသည္။
ေယာက်ာ္းသားမ်ား သုက္ထိန္းေဆးေဖၚရာ တြင ္လည္းအဓိကဇာတ္ေကာင္ အျဖစ္ပါ ၀င္သည္။
ရဲမ်ိဳးသူ(ေဗာဓိျမိဳင္)
Unicodeဖြင့်ဖတ်ရန်
ဆီးချိုရောဂါရှိသူ၏အနာအတွက် ဇာတိပ္ဖိုလ်သီးအစွမ်း
အမွေတစ်ခုရလိုက်သည်။ထိုသည်က သွေးတိုးဖြစ်၏။
ထိုသွေးတိုးမှာမှအဖော်တစ်ဦး ပေါ်ပြန်သည် ဆီချို ဖြစ်လာခြင်းဖြစ်သည်။
ဒေါက်တာများကဆိုသည် ဆီးချိုဖြစ်ရင် အနာမဖြစ်အောင်နေပါတဲ့.. အနာဖြစ်လျှင်ပျောက်ဖို့ မလွယ်တော့၍သတိပေးခြင်းသာ။
ဂရုစိုက်သည့်ကြား သွေးစုနာက ပေါင်တွင်ပေါက်ပြန်သည်။ အမှန်ပင်တစ်လလောက်ဆို လျှင်ဆေးစားဆေးထည့်လျှင်ပျောက်သင့်ပေပြီ။ သို့သော်မပျောက်ပါ။
̏ဒါလေးကိုဆန်ဆေးရည်ဖြင့်သွေးလူးစမ်းပါဗျာ˝
အထင်မကြီးခဲ့ပါ။ အားနာ၍သာ ယူထားလိုက်ရ သည်။
ဇနီးသည်မှ ပျောက်စေချင်သော ဆန္ဒကြောင့် ဆန်ဆေးရည်နှင့်ပျစ်ပျစ်လေးသွေးပြီး လူးပေးခဲ့ ရာ(၃)ရက် မြောက်ပြီး (၄)ရက်အကြာတွင် အနာ ထိပ်တင်းလာရာ တဖြည်းဖြည်းညှိုးကျသွားကာ တစ်ပတ် အကြာတွင်အနာလုံးဝကျက်သွားတော့သည်။
ဘဝတူ မိတ်ဆွေများအား ဇာတိပ္ဖိုလ်ကို အထင်မသေးရန် လက်လှမ်းမီသမျှ ပေးဝေးငှပေးခဲ့ပါသည်။
ဆီးချို ဝေဒနာရှင်တို့ အနာပေါက်ခြင်းကြုံပါမူ ဇာတိပ္ဖိုလ်သီးကိုယုံကြည်လွယ်ကူစွာ ပရဆေးဆိုင်တွင် ဈေးမကြီးပါပဲ ဝယ်ယူလိုက်ကြပါလို့ တိုက်တွန်းရပါသည်။
ဇာတိပ္ဖိုလ်
အသီးအတွင်းရှိအဆံကို ဇာတိပ္ဖိုလ်သီး ဟုယူသည်။အဆံအားမှေးယှက်နေသော အဖက်ကိုဇာတိပ္ဖိုလ်ပွင့်ဟုခေါ်သည်။
သတ္တဝါတို့၏အသက်ကိုကယ်တင်ရာတွင် ထိုအပင်သည်ရှေ့တန်းတွင်ပါသည်။
အရသာ ဖန်၊ခါး၊စပ်ပြီး ပူသောသတ္တိရှိသည်။
ဇာတိပ္ဖိုလ်ကောင်းမကောင်း
ယောကျာ်းသားများ သုက်ထိန်းဆေးဖေါ်ရာ တွင ်လည်းအဓိကဇာတ်ကောင် အဖြစ်ပါ ဝင်သည်။
ရဲမျိုးသူ(ဗောဓိမြိုင်)




Post a Comment