၀မ္းခ်ဳပ္၍ေလမသက္ျခင္း အေနခက္သူမ်ားအတြက္ ေဆးနည္းစံု..
Zawgyi ျဖင့္ဖတ္၇န္
ေလထိုးလွွ်င္ အေနဆိုး၍၊ ေလမသက္၍ အေနခက္သည့္အေၾကာင္း ၾကားဖူးၾကပါလိမ့္မယ္။
သို ့မဟုတ္ သင္ကိုယ္တိုင္လည္း ခံစားေနရပါလိမ့္မယ္။ မွန္ပါတယ္။ဓာတ္ၾကီးေလးပါး၌ ေလဟာ တစ္ပါးအပါအ၀င္ျဖစ္ျပီး၊ ေလျဖင့္ ေသြးသားတို
လွည့္ပတ္ေနရ ပါတယ္။ ထိုေလသည္ပင္ လူကို အက်ိဳးျပဳသကဲ့သို ့ ဒုကၡလည္းေပးတတ္ျပန္ပါတယ္။ ပ်မ္းမွွ် လူ ၁၀ ဦးမွာ ၇ ဦးခန္ ့က စား ေသာက္မႈ
ပံုစံမွားယြင္ျခင္းေၾကာင့္(သို ့)မိမိနဲ ့မတည့္ေသာအစားအစာကို
စားမိျခင္းေၾကာင့္ ယာယီအားျဖင့္ ေလထိုး၊ ေလ ေအာင့္၊ ေလမသက္ျခင္းကို
ခံစားၾကရပါတယ္။ တခ်ိဳ ့ကေတာ့ ေလဖ်င္း၊ ေလလံုး အပါအ၀င္ ၀ဋ္နာကံနာ ဆိုသလို
ေလနာေရာဂါ ကို နာတာရွည္ခံစားၾကရပါတယ္။ ေလမသက္၍ အေနခက္ေနသူမ်ားအတြက္
လြယ္ကူျမန္ဆန္ေသာ ျမန္မာ့ရိုးရာ ေဆးျမီးတို ေလးမ်ားကို ေအာက္ပါအတိုင္း
ေဖာ္ျပလိုက္ရပါတယ္။
(၁) ေလခ်ဳပ္ ၀မ္းခ်ဳပ္ျခင္းအတြက္ သက္ရင္းၾကီးရြက္ နုႏုေလးေတြကို
ေရစင္စင္္ေဆးျပီး ျပဳတ္ပါ။ ၾကက္သြန္နီ နဲ႔သုပ္စားပါ။ ေလ ထိုး
ေလေအာင့္ျခင္းအတြက္ကိုေတာ့ သက္ရင္းၾကီးရြက္ လတ္လတ္ဆတ္ဆတ္ကို အစိမ္းလိုက္၀ါးစားေပးပါ။
(၂) ဆားၾကမ္းကို ၾကက္သြန္ျဖဴနဲ႔ ကြ်မ္းက်ပ္ေအာင္ ေလွာ္စားပါ။
ႏွစ္ခုစလံုးကို တျပိဳင္တည္း ေရာေလွာ္ေပးရမွာပါ(အိုင္အိုဒင္း ဆား မဟုတ္ပါ)
ဤနည္းက ေလပူ၊ ေလပုတ္မ်ား သက္ဆင္းျပီး အေနခက္ျခင္းမွ သက္သာေစပါလိမ့္မယ္။
(ေနာက္တနည္း) ၾကက္သြန္ျဖဴကို ႏွမ္းဆီတြင္ စိမ္၍ ဆားအနည္းငယ္ ထည့္ၿပီး
ထမင္းမစားမီ စားပါက ေလေရာဂါေပ်ာကပါတယ္။
(၃) ထမင္းစားတိုင္း ၾကက္သြန္ျဖဴထဲ့စားေပးျခင္းျဖင့္ ေလလည္၍ ၀မ္းမွန္ေစပါတယ္။
(၄) တမာရြက္ကို မီးဖုတ္(မီးအံုး) ၍ တို ့စားေပးျခင္းျဖင့္ ေလထိုး၊
ေလေအာင့္ေရာဂါမ်ားကို သက္သာသြားေစနိုင္ပါတယ္။
(၅) သေဘၤာဖိုရြက္ကို အရည္ရေအာင္ညွစ္ပါ။ ၄င္း သေဘၤာရြက္သတၱဳရည္
ထမင္းစားဇြန္း တစ္ဇြန္းကို ပ်ားရည္ ထမင္းစားဇြန္း ႏွစ္ဇြန္းနဲ႔
သမေအာင္ေရာေမႊျပီး ေသာက္ေပးျခင္းျဖင့္ ေလထိုးေလေအာင့္ကို
သက္သာေပ်ာက္ကင္းသြားနုိင္ပါတယ္။
(၆) ေလပူထျခင္း၊ ေလအန္ျခင္းမ်ားအတြက္ကိုေတာ့ စူလာနဖာပင္ အျမစ္ပါမက်န္ တပင္လံုး လက္တစ္ဆုပ္စာကို အမည္းေရာင္ ထန္းလ်က္ အမဲ ၅ ခဲနဲ႔ ေရ ၃ ခြက္ တစ္ခြက္တင္ၾကိဳ၍ ခပ္ေႏြးေႏြးေသာက္ပါ။
(၇) ေလပြ(ဗိုက္ပြ) ျခင္းအတြက္ကိုေတာ့ ကင္ပြန္းခ်ဥ္ရြက္ အနုေတြကိုေခ်၍
ေရေအးျဖင့္ စိမ္ေသာက္ပါ(ေရခဲေရ မဟုတ္ပါ) ဒါ့ျပင္ ကင္ပြန္းခ်ဥ္ရြက္
အနုအရင့္ေတြကိုၾကိတ္၍ ခပ္ေႏြးေႏြးအပူေပးျပီး ေအာင့္ေနတဲ႕ေက်ာေတြကို
က်ပ္စည္းေပးပါ (၀ါ) က်ပ္ ထုပ္ ထိုးေပးပါ။ ၀မ္းေပ်ာ့ေပ်ာ့သြားပါလိမ့္မယ္
မေၾကာက္ပါႏွင့္။
(၈) ပူစီနံရြက္၊ ျမင္းခြာရြက္၊ လက္ဖက္ျမစ္ (သို ့) လက္ဖက္စို
သံုးမ်ိဳးတို ့ကို ဆတူေရာ၍ ဆားအနည္းငယ္ထည့္ျပီး ေရွာက္ရည္ ႏွင့္
ေတျပီးစားျခင္းျဖင့္ ေလေၾကာင့္ျဖစ္တတ္ေသာ ၀မ္းဗိုက္နာျခင္းမ်ားကို
သက္သာေပ်ာက္ကင္းေစပါတယ္။
(၉) ေလမသက္၍ အေနခက္ျခင္းအတြက္ ျမင္းခြာပင္ ပဥၥငါးပါးစလံုးကို
လက္သုပ္လုပ္၍ စားေပးျခင္း၊ တို ့ျမွဳပ္စားေပးျခင္း၊ ဟင္းခါးခ်က္၍
စားေသာက္ေပးျခင္းျဖင့္ ေလခ်ဳပ္ျခင္းကို ကုသေပးနိုင္ပါတယ္။ (ေနာက္တနည္း)
အညာျမင္းခြာ(ခါးသက္သက္ အရသာရွိ၍ အဆစ္တစ္ဆစ္မွ အရြက္တစ္ရြက္သာထြက္ေသာ ျမင္းခြာ) ကို ေန ့စဥ္ စားေပးပါ။
(၁၀) ဆိပ္ဖူးပင္ေပါက္ကေလးမ်ားကို ၾကက္သြန္ျဖဴ၊ ငပိရည္တို ့ႏွင့္ အတို
့အျမွဳပ္စားေပးျခင္းျဖင့္ အစာမေၾက၍ အေနခက္ေစ ေသာ ေလပုန္းမ်ား တဟူးဟူး၊ တျဖဴးျဖဴး သက္ဆင္းသြားပါလိမ့္မယ္။
(၁၁) ေလလံုးစြဲေရာဂါမ်ားအတြက္ကိုေတာ့ ရွိန္းခို ကို လက္သည္းခြံပမဏ ခန့္
လံုး၍ အာခံတြင္း၌ထားျပီး အရည္ျဖစ္ေအာင္ ေစာင့္ပါ။ အရည္ျဖစ္ရင္ မ်ိဳခ်ပါ။
ဤသို ့ ေန ့စဥ္စားသံုးေပးျခင္းျဖင့္ ေလလံုးစြဲေရာဂါမွ
သက္သာေပ်ာက္ကင္းသြားျပီး ၀မ္းမွန္ ေလသက္ေစ၍ ေခြ်းကေလးတစိုစုိထြက္ကာေပါ့ပါးသြားပါလိမ့္မယ္။
(၁၂) ရြက္က်ပင္ေပါက္ သတၱဳရည္(အရြက္ကိုညွစ္၍ ရေသာအရည္)ကို စတီးဇြန္း
၁-ဇြန္းထဲထဲ့၍ မီးေႏြးေႏြးျဖင့္ခ်က္ပါ။ ထို ့ ေနာက္ အေအးခံ၍
ကေလး၏၀မ္းဗိုက္ကို လိမ္းေပးပါ က ၀မ္းခ်ဳပ္၊ ေလထိုးေလေအာင့္ ႏွင့္ ေလဆန္နာေရာဂါမ်ားကို သက္သာ ေပ်ာက္ ကင္းေစပါတယ္။ လူၾကီးမ်ား ေလထိုး၊ ေလေအာင့္၊ ေလနာေရာဂါမ်ားအတြက္ ရြက္က်ပင္ေပါက္ သတၱဳရည္ကို ေရနံ ဆီျဖင့္ ေရာစပ္၍ ၀မ္းဗိုက္ေပၚ လိမ္းေပး(သပ္ခ်ေပး)ပါ။ ေသြးဖ်ဥ္း၊
ေလဖ်ဥ္းေရာဂါမ်ားအတြက္ကိုေတာ့ ရြက္က်ပင္ေပါက္ သတၱဳရည္ကို ေရနံဆီ၊
မုန္ညင္း ဆီတို ့ႏွင့္ ဆတူေရာစပ္ျပီး ၀မ္းဗိုက္ေပၚသို ့ တစ္ေန ့ ၂-ၾကိမ္
လိမ္းက်ံေပးပါ။ (ပိုလွ်ံေသာ ေဆး ရည္ကို ပုလင္းထဲထဲ့သိမ္းထားနိုင္ ပါတယ္၊
လိမ္းခါနီးပုလင္းကို လႈပ္၍ လိမ္းေပးပါ)
(၁၃) ေလပူထျခင္း၊ အိပ္မေပ်ာ္ျခင္း၊ စိတ္မၾကည္မလင္ျဖစ္ျခင္း၊
အာရံုမစူးစိုက္နိုင္ျခင္း စသည့္ေရာဂါတို ့အတြက္ ၾကာနီ ၀တ္ဆံ ကို
စားေပးနိုင္ပါတယ္။ ေလထိုး၍ ႏွလံုးဆို ့ေအာင့္ျခင္းအတြက္ကိုေတာ့
ၾကာညို၀တ္ဆံကို စားေပးသင့္ပါတယ္။
(၁၄) အစာမေက်၊ ေလနာ၊ ေလခ်ဳပ္၊ ႏွင့္ ခႏၶာကိုယ္ရွိ အဆိပ္မ်ားကို
ဖယ္ရွားေစရန္အတြက္ လိေမၼာ္သီးကို မခြံမႏႊာဘဲ ေလးစိပ္ ခြဲ၍
အရက္ႏွင့္စိမ္ျပီး နည္းနည္းခ်င္း ေသာက္္ေပးသင့္ပါတယ္ (သို ့)
လိေမၼာ္သီးကို ဆားျဖင့္တို ့၍စားပါ။
(၁၅) မၾကာခဏဆိုသလို ေလပူထသည့္ေရာဂါ ႏွင့္ ေလခ်ဥ္တက္ေသာ ေ၀ဒနာအတြက္ငရုတ္ေကာင္း ၅ က်ပ္သား၊ ဆား ၃ က်ပ္သားတို ့ကို အမႈန္ ့ျပဳလုပ္၍ ေလလံုေသာ ပုလင္းတြင္ ထည့္ပါ၊ ထမင္းမစားမီ တစ္ၾကိမ္ ထမင္းစားျပီး တစ္ၾကိမ္ ေဆးတစ္ မူးသား(၂ ပဲသား) ခန္ ့ကို ေရေႏြးႏွင့္ ေန ့စဥ္ ေသာက္သံုးေပးျခင္းျဖင့္ သက္သာေပ်ာက္ကင္းသြားေစနိုင္ပါတယ္ (၄င္းေဆးကို ေသာက္သံုးေနစဥ္ ကာလအတြင္း ခ်ဥ္ေသာ၊ ပူစပ္ေသာ အစားအစာမ်ားကို ေလ်ာ့စားရန္ ႏွင့္ အရက္ လံုး၀မေသာက္ဖို ့အ ေရးၾကီးပါတယ္)
(၁၆) ဆားကို ေျမအိုးေသးေသးတြင္ထည့္ျပီး စေလာင္းဖံုးကို ပက္လက္ဖံုး၍နန္းၾကိဳးႏွင့္တုပ္ပါ။ ၄င္းေျမအိုးကို မီးဖိုတြင္ေမွာက္၍ ဖုတ္ပါ(ဆားထဲသို
ျပာမ်ား မ၀င္ေစရ) ေန ့စဥ္ခ်က္ျပဳတ္ေနက်မီးဖိုမွာ ထည့္ဖုတ္စားျပီးတစ္ပတ္ခန္ ့ၾကာမွ ေဖာ္၍ရေသာ ဆား တို ့ကို ျပန္ေထာင္းပါ။ ၄င္းဆားကို
ပုလင္းထဲထည့္ထားျပီး ဆန္လြတ ္နႏြင္းစစ္စစ္ျဖင့္ ေရာေသာက္ပါ။ (ဆားမန္က်ည္းေစ့ ခန္ ့ႏွင့္ နႏြင္းမန္ က်ည္းေစ့ခန္ ့တို ့ကို ေရာ၍နံက္အိပ္ယာထထခ်င္း ေရ ႏွင့္ အ၀ေသာက္ေပးပါ) ထိုသို ့ ပံုမွန္ တစ္လတိတိေသာက္ေပးျခင္းျဖင့္ ေလထိုးေလနာေရာဂါ လံုး၀ ေပ်ာက္ကင္းသြားပါလိမ့္တယ္။
(၁၇) လယ္ပုဇြန္လံုးစားေပးပါ။ ေလနာ၊ သည္းေျခနာတို ့ကို နိုင္ျပီး ဆီးရႊင္ေစပါတယ္။
(၁၈) သံပုရာသီးအစိမ္း၏ အခြံကို စားေပးပါက ေလနာ၊ ရင္နာ မ်ားကို ေပ်ာက္ကင္းေစပါတယ္။
(၁၉) ၾကိမ္သီးစားပါ၊ ေလနာေရာဂါကို ပယ္ပါတယ္။
(၂၀) ေလထိုး ေလေအာင့္ ေလပြျခင္း စတဲ့ အူလမ္းေၾကာင္းနဲ ့ဆိုင္ရာေရာဂါမ်ားအတြက္ကိုလည္း ကန္ ့ခ်ဳပ္နီပင္(သို ့)ကန္ ့ ခ်ဳပ္ျဖဴပင္(သို)ၾကက္ဆူပင္(သို ့)ဂန္ ့ဂလာပင္(သို ့)ငါးရန္ ့ပလူပင္(သို ့) ဆူးေလပင္(သို့)ဒဟပ္ပင္(သို ့)ေမာင္မေခၚပင္(သို ့) ျမတ္ေလးပန္းအနီ ၏ အရြက္ ႏွင့္အျမစ္ကို ျပဳတ္၍ ေသာက္ေပးသင့္ပါတယ္။ ၾကက္ဆူဆီကိုလည္း လိမ္းပါ၊ ေသာက္ပါ။
(၂၁) ကရမက္ (အထူးသျဖင့္ ကရမက္ပင္၏ အျမစ္) ကို ေသြး၍ ေသာက္ေပးပါ၊
ေလနာေရာဂါကို နိုင္ပါတယ္။
(၂၂) ရွဥ့္မတက္ပင္၏ အျမစ္ကလည္း ေလနာေရာဂါကို ေပ်ာက္ကင္းေစနိုင္ပါတယ္။
(၂၃) ကနခိုေစ့ ေသာက္ပါ၊ ေလခ်ဳပ္ျခင္းကို သက္သာေစပါတယ္။
(၂၄) ၾကံသကာစားေပးျခင္းျဖင့္ ေလပူ၊ ေလေအာင့္ျခင္းကို မျဖစ္ေစေတာ့ပါဘူး။
(၂၅) ၾကိတ္မွန္ရြက္စားပါ၊ ေလကြဲေစပါတယ္။
(၂၆) ကသစ္ရြက္ ႏွင့္ ကသစ္ျမစ္တို ့ကို ေလေၾကေဆးအျဖစ္ အသံုးျပဳနိုင္ပါတယ္။
(၂၇) ေၾကာင္ပန္းရြက္ ႏွင့္ ေၾကာင္ပန္းပြင့္တို ့ကို ျပဳတ္၍ သုပ္စားေပးပါ။
(၂၈) ခရမ္းစပ္သီး က ေလကို ေၾကေစတဲ့အျပင္၊ ေလေၾကာင့္ျဖစ္တတ္ေသာ
ေရာဂါမ်ားကို နိုင္ပါတယ္။ (ဆင္ခရမ္းပင္ ႏွင့္ ခရမ္း ကေစာ့ပင္၏ အျမစ္တို
ကလည္း ၀မ္းကိုေပ်ာ့ေစ၍ ေလထိုးေလေအာင့္ကို နိုင္ပါတယ္)
(၂၉) ခ်ဥ္ေပါင္နီ(လက္ခ်ားခ်ဥ္ေပါင္)ရြက္ က ခ်ဥ္၍ပူေသာဓာတ္ရွိတာေၾကာင့္
ေလနာေရာဂါ ႏွင့္ ေလေၾကာင္းမူးေ၀တတ္ေသာ ေ၀ဒနာတို ့ကိုပါ
ေပ်ာက္ကင္းေစပါတယ္။
(၃၂) ခံသီးအမွည့္မ်ား၊ ေဂြးသီး အစိမ္းမ်ား စားေပးပါ၊ ေလနိုင္ေစပါတယ္။
(၃၃) ခ်ိဳးလည္ေျပာက္ဌက္ ၏ အသားကို စားေပးျခင္းျဖင့္ ေလေရာဂါ ႏွင့္တကြ
ေလသည္းေျခတို ့ကို နိုင္ပါတယ္။ (သုိ ့ေသာ္ ခ်ိဳး သား မစားသင့္ပါဘူး
ေလကိုထေစပါတယ္)
(၃၄) ဂ်င္းစားပါ (သို ့)ဂ်င္းေျခာက္ကို ေရေႏြးၾကမ္းခတ္၍ ေသာက္ေပးပါ။
(၃၅) ဂံုညင္းဆံက ေလခ်ဳပ္ျခင္းကို သက္သာေစေသာေၾကာင့္ ၄င္းဂံုညင္းဆံကို
ယိုထိုး၍ စားေပးသင့္ပါတယ္။
(၃၆) ဂံုမင္းပင္ က ေလကိုေၾကေစ၍ မၾကာခဏ ဟင္းခ်ိဳခ်က္ေသာက္ေပးပါ။
(၃၇) ငါးေျမြတိုး၊ ငါးသလဲထိုး၊ ငါးနုသန္း၊ ငါးခူ၊ ငါးခံုးမ၊ ငါးၾကင္း၊
ပုစြန္ထုပ္ တို ့က ေလထိုး ေလေအာင့္ ေလနာေရာဂါသည္မ်ား ကို
ေကာင္းက်ိဳးျပဳပါတယ္။
(၃၈) ျငဳတ္ေကာင္းက ေလကိုနိုင္တာေၾကာင့္ ဟင္းခ်ဳိဟင္းခါးခ်က္၍
ျငဳတ္ေကာင္းမ်ားမ်ား ထည့္ေသာက္ေပးပါ (သို ့) င႐ုတ္ ေကာင္းမႈန္႕ကို
ႏြယ္ခ်ိဳၽႏွင့္ ေရာလ်က္ေပးပါက ေလထိုးေလေအာင့္ေရာဂါ၊ ႏွလံုးတုန္
ရင္ခုန္ေရာဂါ ေပ်ာက္၏။
(၃၉) ဌက္ေပ်ာခ်ဥ္က ေလကိုၾကြေစတာေၾကာင့္ ေလမလည္သူမ်ား စားေပးသင့္ပါတယ္။
၀က္မလြတ္ ဌက္ေပ်ာ၊ ရခိုင္ဌက္ေပ်ာ ၊ ဌက္စိုင္ရွင္၊ ဌက္ေရႊစာ စတဲ့
ဌက္ေပ်ာမ်ားက ေလကိုေၾကေစပါတယ္။
(၄၀) ငုပင္ ၏ အျမစ္ ႏွင့္အသီးတို ့ကို ျပဳတ္၍ေသာက္ေပးျခင္းျဖင့္ ေလကို
ႏွိမ္နင္းေပးပါတယ္ (သို ့)ငုပင္၏ အျမစ္ကို ႏြားႏို႕ ႏွင့္ျပဳတ္ေသာက္ပါ။
(၄၁) စပ်စ္သီးအမွည့္ကို အခြံေရာအေစ့ပါ ၀ါး၍စားေပးပါ။
(၄၂) ဒရယ္သား ႏွင့္ စိုင္သား(စိုင္ေကာင္၏ အသား) က ေလနာေရာဂါကို ေပ်ာက္ကင္းေစပါတယ္။
(၄၃) စပါးၾကီးသည္းေျခက ေလနာေရာဂါအမ်ိဳးမ်ိဳးအတြက္ ေဆးဖက္၀င္ပါတယ္။
(၄၄) ေရွးတိုင္းရင္းသမားေတာ္ၾကီးမ်ားက စရိုပင္၏အရြက္အျမစ္၊ စမံုပြဲ၊စမံုစပါး၊ စမံုနီ၊ စျမိတ္ေစ့ဆူ၊ ႏြယ္ခ်ိဳျမစ္၊ ပင္စိမ္းပင္၏ အျမစ္၊ ပဲနံ
သာေစ့၊ ပင္စိမ္းေစ့၊ ပ်ဥ္းကတိုးပြင့္၊ ပိတ္ျခင္းရြက္၊ ပတဲေကာ၊ ဖာလာငယ္၊ဘုမၼရာဇာ၊ မက္လင္ခ်ဥ္၊ သိေႏၶာ၊ သစ္က်ပိုး၊ အလိုၾကဴ စသည္တို ့ကို
ေလနာေရာဂါေဆး၀ါးေဖာ္စပ္ရာမွာ ထည့္သြင္း၍ အသံုးျပဳေလ့ရွိပါတယ္။
(၄၅) အျဖဴေရာင္ တရုပ္စကားပန္းပင္၏ အပြင့္က ေလနာေရာဂါ အတြက္သာမက၊ ေလအားၾကီး၍ ဆာေလာင္မြတ္သိပ္ေရာဂါ ကိုပါ ေပ်ာက္ကင္းေစပါတယ္။
(၄၆) ဆူးပုပ္အ႐ြက္ကို စားသံုးျခင္းျဖင့္ အထက္သို႕ ဆန္တက္ေသာ ေလ
ကိုလည္းေကာင္း၊ ေအာက္သို႕သက္ေသာ ေလကို လည္းေကာင္း ေၾကေစႏိုင္ပါတယ္။
(၄၇) ဆီး(ဇီး)သီးက ေလကိုပြေစတတ္ေသာ္လည္း ဆီးေစ့က ေလ ကို နိုင္ပါတယ္။
(၄၈) တလဲသီး၊ နာနတ္သီး၊ ရင့္မွည့္ေသာ ပိႏၷဲသီး၊ သေဘၤာသခြား၊ သပြတ္သီး၊
သီး သီး အမွည့္၊ သေဘၤာသီးမွည့္၊ ရွစ္ရွားသီး၊ ရြဲယိုသီး၊ ေရွာက္ခ်ိဳသီး၊
ေရွာက္ခ်ဥ္သီး၊ ေရွာက္သီး၊ သံပုရာသီး စားပါ။
(၄၉) ေတာေရွာက္ခါးသီးစားပါ။
(၅၀) ထေနာင္းပင္၏ အေစ့ကလည္း အစာမေၾက ေလခ်ဳပ္ျခင္းကို ေပ်ာက္ကင္းေစနိုင္ပါတယ္။
(၅၁) ထန္းသီး အမွည့္၊ ထန္းေရခ်ိဳ ႏွင့္ ထန္းပင္ျမစ္တို ့က ေလ ႏွင့္
သည္းေျခေရာဂါတို့ကို နိုင္ပါတယ္။
(၅၂) ဒန္ ့သလြန္ရြက္က ေသြးေလ ေၾကေစ၍ မၾကာခဏ စားေပးသင့္ပါတယ္။
(၅၃) ဒန္ ့ခ်ြဲပင္၏ အျမစ္က ေလနာ၊ ေလလံုး၊ ေလဖ်င္း ေရာဂါတို ့ကို ေက်ေစပါတယ္။
(၅၄) ႏြားနို ့ေသာက္ပါ။
(၅၅) ပိေတာက္ပန္း အေျခာက္က ေလဆန္ေရာဂါအတြက္သာမက ေလေၾကာင့္ျဖစ္တတ္ေသာ
ႏွလံုးဆို ့ျခင္းကိုလည္း သက္သာ ေပ်ာက္ကင္းေစပါတယ္။
(၅၆) ပုန္းညက္ပန္းပြင့္ရႈေပးပါ၊ ပြင့္ေျခာက္ကို ေရေႏြးၾကမ္းခတ္၍ ေသာက္ပါ။
(၅၇) ပရႏၷ၀ါရြက္က ေလကို ေၾကေစရံုသာမက၊ ေလဖ်ဥ္း၊ ေလၾကိတ္ တို ့ကို နိုင္ပါတယ္။
(၅၈) ဗံုလံုသီး(ေခၚ)ပဲလင္းေျမြသီး မၾကာခဏခ်က္စားေပးပါ။
(၅၉) ဖြတ္သား စားေပးပါ။
(၆၀) ဟင္းႏုနယ္ရြက္ (သု ့ိ) ဗူးညြန္ ့ကို ေၾကာ္ခ်က္၍စားေပးပါ (သို ့ေသာ္
ဗူးသီး မစားရ)
(၆၁) ဟင္းဂလာရြက္ (သို ့) မန္က်ည္းရြက္ကို မၾကာခဏ လက္သုပ္ သုပ္စားေပးပါ
(ေနာက္တနည္း)မန္က်ဥ္းပင္အေခါက္ျပာ ကို ပ်ားရည္ႏွင့္ ေဖ်ာ္လ်က္ေသာ္
၀မ္းဗိုက္ ထိုးေအာင့္ နာက်င္ျခင္း ေပ်ာက္ေစပါတယ္။
(၆၂) ေရသဖန္းရြက္၊ ရွားရြက္၊ ေဂြးေတာက္ရြက္၊ သေဘၤာရြက္ တို ့ကို အတို
့အျမွဳပ္လုပ္စားေပးပါ။
(၆၃) ေလးညွင္းပြင့္က ေလပုပ္ က်ေစပါတယ္။
(၆၄) သစၥာပန္းရြက္ကို ျပဳတ္၍ ေသာက္ေပးပါ။
(၆၅) သရက္ပင္၏ အရြက္ႏုက ေလေက်ေစပါတယ္။
(၆၆) သနပ္ပင္၏ အျမစ္ (သို ့) သေျပပင္၏ အျမစ္တို ့ကို ျပဳတ္၍ ေသာက္ပါ။
(၆၇) နံၾကားတြင္ထိုးေသာ ေလေရာဂါအတြက္ ကင္ပြန္းသီးကို မီးဖုတ္၍ စမံုနက္၊ ဆားတို ့ဆတူေရာ၍ ေသာက္ပါ။
(၆၈) ေက်ာက္ဖရံုခါးပင္၏ အရြက္ (သို ့) ထား၀ယ္မိႈင္း အရြက္ တို ့ကို
ျပဳတ္၍ ေသာက္ေပးပါ။
(၆၉) သေဘၤာသီးအစိမ္းကို ငါးခူ၊ ငါးရံ႕၊ ငါးၾကင္း၊ ငါးျမစ္ခ်င္း၊
ငါးပေနာ္မီးကင္တို႔ ေရာဖက္ကာ မန္က်ည္းရည္ျဖင့္ ခ်ဥ္ရည္ဟင္း ခ်က္စားပါက
ေလပြ၊ ေလထိုးေလေအာင့္ သက္သာေစ၏။
(၇၀) နႏြင္း ကို ဆားအနည္းငယ္ခတ္၍ တစ္ေန႕ ၃ႀကိမ္ ေသာက္ျခင္းျဖင့္ ေလထိုး ေလေအာင့္ေရာဂါ ေပ်ာက္ေစပါတယ္။
(၇၁) ပ႐ုတ္ေအးပင္ကို ျပဳတ္ေသာက္ပါ (သို ့) ပ႐ုတ္ေအး အ႐ြက္ကို
ေပါင္းေခၽြးျပဳလုပ္၍ ေသာက္ပါ။
(၇၂) စံကားဝါအေခါက္ကုိျပဳတ္ေသာက္ေသာ္ နာတာ႐ွည္ ေလေရာဂါ ေပ်ာက္ပါတယ္။
(၇၃) စၿမိတ္ေစ့ကို သံုးခြက္တစ္ခြက္တင္ က်ိဳေသာက္ပါက ရင္ဘတ္နာ၊
ေလထိုးေလေအာင့္၊ ေလနာေရာဂါမ်ား ေပ်ာက္ေစပါ တယ္။
(၇၄) လက္ထုတ္ႀကီး အေခါက္ ျပဳတ္ရည္တြင္ ဆားႏွင့္ ႐ွိန္းခို အနည္းငယ္
ထည့္ေသာက္ျခင္းျဖင့္ ေလထိုး ေလေအာင့္ ေပ်ာက္ပါတယ္။
(၇၅) ေရွာက္သီးတစ္လံုးကို ဆန္ေဆးရည္ တစ္ပိႆာ ႏွင့္ ေရခန္းေအာင္ ျပဳတ္ၿပီး
ႏူးလွ်င္ ဆန္ခါ ႏွင့္စစ္ခ်၍ ယင္းတစ္ဆယ္ သားခန္႔ကို ဆား အနည္းငယ္ ႏွင့္
ေမႊ၊ ေနလွန္း ၊ အမႈန္႔ ျပဳၿပီး သံုးေဆာင္က ေလေရာဂါ အမ်ိဳးမ်ိဳး
ေပ်ာက္ကင္းသြားပါမယ္။
(၇၆) ပ်ားရည္ႏွင့္ ၾကစုသီးမႈန္႔ကို လ်က္ေပးပါက ေလေရာဂါ ေပ်ာက္ပါတယ္။
မွတ္ခ်က္။
ေဆာင္ရန္ေရွာင္ရန္
(၁) ဟင္းခတ္အမ်ိဳးအစားျဖစ္တဲ့ ဇာတိိပၹိဳလ္သီးကို
ျမန္မာ့့ေဆးက်မ္းမ်ားတြင္သာမက၊ ႏိိုင္ငံတကာမွာ ေလနိုင္ေဆး အျဖစ္
အသံုးျပဳေလ့ရွိၾကပါတယ္။ သို ့ေသာ္ လိုအပ္သည္ထက္ပိုသံုးခဲ့ရင္
တက္ျခင္း/တုန္ျခင္း/ပ်ိဳ ့အန္ျခင္း/ေရဓာတ္ခမ္းေျခာက္ ျခင္း တို ့
ျဖစ္ေစျပီး အခမသင့္ရင္ အသက္ပါဆံုးရံႈးေစလို ့ သတိျပဳသံုးစြဲၾကပါ။
(၂)ေၾကာင္လွ်ာသီးကို ေလေရာဂါရွိသူမ်ား အလြန္ အကြ်ံ မစားသင့္ေပ။
(၃)သီေမႊးဌက္ေပ်ာက ၀မ္းေလကိုခ်ဳပ္ေစ၍ မစားသင့္ပါဘူး။
(၄) ေရႊနီဌက္ေပ်ာကေလကိုပြေစတာ ေၾကာင့္ ရင္ျပည့္ ရင္ကယ္ရွိသူမ်ား မစားသင့္ပါဘူး။
(၅)စပ်စ္သီး အစိမ္းမစားပါႏွင့္။
(၆) စာငယ္သား(ေခၚ)စာကေလးဌက္ က ေလေရာဂါသမားမ်ားႏွင့္ မတည့္ပါဘူး။
(၇) ဆိတ္သားမစားပါႏွင့္ ေလကိုပြေစတတ္ပါတယ္။
(၈) ဆီး(ဇီး)သီး မစားပါႏွင့္။
(၉) တည္သီး အစိမ္းက ၀မ္းခ်ဳပ္ေလခ်ဳပ္ေစပါတယ္။
(၁၀) ပိႏၷဲသီးအႏု ႏွင့္ အေစ့ တို ့ကိုမစားပါႏွင့္။
(၁၁) မန္က်ည္းသီး အစိမ္း မစားပါႏွင့္။
(၁၂) ယံုသား ႏွင့္ မတည့္ပါ။
(၁၃)သရက္သီးစိမ္း မစားပါႏွင့္။
(၁၄) သေျပသီးက ေလခ်ဳပ္ေစလို ့အထူးေရွာင္ပါ။
(၁၅) ခ၀ဲသီး မစားရ။
(ေပါက္ေပါက္…ေရးသားမွ်ေ၀သည္)
Unicodeဖြင့်ဖတ်ရန်
၀မ်းချုပ်၍လေမသက်ခြင်း အနေခက်သူများအတွက်
လေထိုးလျှှင် အနေဆိုး၍၊ လေမသက်၍ အနေခက်သည့်အကြောင်း ကြားဖူးကြပါလိမ့်မယ်။
သို ့မဟုတ် သင်ကိုယ်တိုင်လည်း ခံစားနေရပါလိမ့်မယ်။ မှန်ပါတယ်။ဓာတ်ကြီးလေးပါး၌ လေဟာ တစ်ပါးအပါအဝင်ဖြစ်ပြီး၊ လေဖြင့် သွေးသားတို
့လှည့်ပတ်နေရ ပါတယ်။ ထိုလေသည်ပင် လူကို အကျိုးပြုသကဲ့သို ့ ဒုက္ခလည်း
ပေးတတ်ပြန်ပါတယ်။ ပျမ်းမျှှ လူ ၁၀ ဦးမှာ ရ ဦးခန် ့က စား သောက်မှု
ပုံစံမှားယွင်ခြင်းကြောင့်(သို ့)မိမိနဲ ့မတည့်သောအစားအစာကို
စားမိခြင်းကြောင့် ယာယီအားဖြင့် လေထိုး၊ လေ အောင့်၊ လေမသက်ခြင်းကို
ခံစားကြရပါတယ်။ တချို ့ကတော့ လေဖျင်း၊ လေလုံး အပါအဝင် ၀ဋ်နာကံနာ ဆိုသလို
လေနာရောဂါ ကို နာတာရှည်ခံစားကြရပါတယ်။ လေမသက်၍ အနေခက်နေသူများအတွက်
လွယ်ကူမြန်ဆန်သော မြန်မာ့ရိုးရာ ဆေးမြီးတို လေးများကို အောက်ပါအတိုင်း
ဖော်ပြလိုက်ရပါတယ်။
(၁) လေချုပ် ၀မ်းချုပ်ခြင်းအတွက် သက်ရင်းကြီးရွက် နုနုလေးတွေကို
ရေစင်စင််ဆေးပြီး ပြုတ်ပါ။ ကြက်သွန်နီ နဲ့သုပ်စားပါ။ လေ ထိုး
လေအောင့်ခြင်းအတွက်ကိုတော့ သက်ရင်းကြီးရွက် လတ်လတ်ဆတ်ဆတ်ကို အစိမ်းလိုက်ဝါးစားပေးပါ။
(၂) ဆားကြမ်းကို ကြက်သွန်ဖြူနဲ့ ကျွမ်းကျပ်အောင် လှော်စားပါ။
နှစ်ခုစလုံးကို တပြိုင်တည်း ရောလှော်ပေးရမှာပါ(အိုင်အိုဒင်း ဆား မဟုတ်ပါ)
ဤနည်းက လေပူ၊ လေပုတ်များ သက်ဆင်းပြီး အနေခက်ခြင်းမှ သက်သာစေပါလိမ့်မယ်။
(နောက်တနည်း) ကြက်သွန်ဖြူကို နှမ်းဆီတွင် စိမ်၍ ဆားအနည်းငယ် ထည့်ပြီး
ထမင်းမစားမီ စားပါက လေရောဂါပျောကပါတယ်။
(၃) ထမင်းစားတိုင်း ကြက်သွန်ဖြူထဲ့စားပေးခြင်းဖြင့် လေလည်၍ ၀မ်းမှန်စေပါတယ်။
(၄) တမာရွက်ကို မီးဖုတ်(မီးအုံး) ၍ တို ့စားပေးခြင်းဖြင့် လေထိုး၊
လေအောင့်ရောဂါများကို သက်သာသွားစေနိုင်ပါတယ်။
(၅) သင်္ဘောဖိုရွက်ကို အရည်ရအောင်ညှစ်ပါ။ ၄င်း သင်္ဘောရွက်သတ္တုရည်
ထမင်းစားဇွန်း တစ်ဇွန်းကို ပျားရည် ထမင်းစားဇွန်း နှစ်ဇွန်းနဲ့
သမအောင်ရောမွှေပြီး သောက်ပေးခြင်းဖြင့် လေထိုးလေအောင့်ကို
သက်သာပျောက်ကင်းသွားနိုင်ပါတယ်။
(၆) လေပူထခြင်း၊ လေအန်ခြင်းများအတွက်ကိုတော့ စူလာနဖာပင် အမြစ်ပါမကျန် တပင်လုံး လက်တစ်ဆုပ်စာကို အမည်းရောင် ထန်းလျက် အမဲ ၅ ခဲနဲ့ ရေ ၃ ခွက် တစ်ခွက်တင်ကြို၍ ခပ်နွေးနွေးသောက်ပါ။
(၇) လေပွ(ဗိုက်ပွ) ခြင်းအတွက်ကိုတော့ ကင်ပွန်းချဉ်ရွက် အနုတွေကိုချေ၍
ရေအေးဖြင့် စိမ်သောက်ပါ(ရေခဲရေ မဟုတ်ပါ) ဒါ့ပြင် ကင်ပွန်းချဉ်ရွက်
အနုအရင့်တွေကိုကြိတ်၍ ခပ်နွေးနွေးအပူပေးပြီး အောင့်နေတဲ့ကျောတွေကို
ကျပ်စည်းပေးပါ (၀ါ) ကျပ် ထုပ် ထိုးပေးပါ။ ၀မ်းပျော့ပျော့သွားပါလိမ့်မယ်
မကြောက်ပါနှင့်။
(၈) ပူစီနံရွက်၊ မြင်းခွာရွက်၊ လက်ဖက်မြစ် (သို ့) လက်ဖက်စို
သုံးမျိုးတို ့ကို ဆတူရော၍ ဆားအနည်းငယ်ထည့်ပြီး ရှောက်ရည် နှင့်
တေပြီးစားခြင်းဖြင့် လေကြောင့်ဖြစ်တတ်သော ၀မ်းဗိုက်နာခြင်းများကို
သက်သာပျောက်ကင်းစေပါတယ်။
(၉) လေမသက်၍ အနေခက်ခြင်းအတွက် မြင်းခွာပင် ပဥ္စငါးပါးစလုံးကို
လက်သုပ်လုပ်၍ စားပေးခြင်း၊ တို ့မြှုပ်စားပေးခြင်း၊ ဟင်းခါးချက်၍
စားသောက်ပေးခြင်းဖြင့် လေချုပ်ခြင်းကို ကုသပေးနိုင်ပါတယ်။ (နောက်တနည်း)
အညာမြင်းခွာ(ခါးသက်သက် အရသာရှိ၍ အဆစ်တစ်ဆစ်မှ အရွက်တစ်ရွက်သာထွက်သော မြင်းခွာ) ကို နေ ့စဉ် စားပေးပါ။
(၁၀) ဆိပ်ဖူးပင်ပေါက်ကလေးများကို ကြက်သွန်ဖြူ၊ ငပိရည်တို ့နှင့် အတို
့အမြှုပ်စားပေးခြင်းဖြင့် အစာမကြေ၍ အနေခက်စေ သော လေပုန်းများ တဟူးဟူး၊ တဖြူးဖြူး သက်ဆင်းသွားပါလိမ့်မယ်။
(၁၁) လေလုံးစွဲရောဂါများအတွက်ကိုတော့ ရှိန်းခို ကို လက်သည်းခွံပမဏ ခန့်
လုံး၍ အာခံတွင်း၌ထားပြီး အရည်ဖြစ်အောင် စောင့်ပါ။ အရည်ဖြစ်ရင် မျိုချပါ။
ဤသို ့ နေ ့စဉ်စားသုံးပေးခြင်းဖြင့် လေလုံးစွဲရောဂါမှ
သက်သာပျောက်ကင်းသွားပြီး ၀မ်းမှန် လေသက်စေ၍ ချွေးကလေးတစိုစိုထွက်ကာပေါ့ပါးသွားပါလိမ့်မယ်။
(၁၂) ရွက်ကျပင်ပေါက် သတ္တုရည်(အရွက်ကိုညှစ်၍ ရသောအရည်)ကို စတီးဇွန်း
၁-ဇွန်းထဲထဲ့၍ မီးနွေးနွေးဖြင့်ချက်ပါ။ ထို ့ နောက် အအေးခံ၍
ကလေး၏ဝမ်းဗိုက်ကို လိမ်းပေးပါ က ၀မ်းချုပ်၊ လေထိုးလေအောင့် နှင့် လေဆန်နာရောဂါများကို သက်သာ ပျောက် ကင်းစေပါတယ်။ လူကြီးများ လေထိုး၊ လေအောင့်၊ လေနာရောဂါများအတွက် ရွက်ကျပင်ပေါက် သတ္တုရည်ကို ရေနံ ဆီဖြင့် ရောစပ်၍ ၀မ်းဗိုက်ပေါ် လိမ်းပေး(သပ်ချပေး)ပါ။ သွေးဖျဉ်း၊
လေဖျဉ်းရောဂါများအတွက်ကိုတော့ ရွက်ကျပင်ပေါက် သတ္တုရည်ကို ရေနံဆီ၊
မုန်ညင်း ဆီတို ့နှင့် ဆတူရောစပ်ပြီး ၀မ်းဗိုက်ပေါ်သို ့ တစ်နေ ့ ၂-ကြိမ်
လိမ်းကျံပေးပါ။ (ပိုလျှံသော ဆေး ရည်ကို ပုလင်းထဲထဲ့သိမ်းထားနိုင် ပါတယ်၊
လိမ်းခါနီးပုလင်းကို လှုပ်၍ လိမ်းပေးပါ)
(၁၃) လေပူထခြင်း၊ အိပ်မပျော်ခြင်း၊ စိတ်မကြည်မလင်ဖြစ်ခြင်း၊
အာရုံမစူးစိုက်နိုင်ခြင်း စသည့်ရောဂါတို ့အတွက် ကြာနီ ၀တ်ဆံ ကို
စားပေးနိုင်ပါတယ်။ လေထိုး၍ နှလုံးဆို ့အောင့်ခြင်းအတွက်ကိုတော့
ကြာညိုဝတ်ဆံကို စားပေးသင့်ပါတယ်။
(၁၄) အစာမကျေ၊ လေနာ၊ လေချုပ်၊ နှင့် ခန္ဓာကိုယ်ရှိ အဆိပ်များကို
ဖယ်ရှားစေရန်အတွက် လိမ္မော်သီးကို မခွံမနွှာဘဲ လေးစိပ် ခွဲ၍
အရက်နှင့်စိမ်ပြီး နည်းနည်းချင်း သောက််ပေးသင့်ပါတယ် (သို ့)
လိမ္မော်သီးကို ဆားဖြင့်တို ့၍စားပါ။
(၁၅) မကြာခဏဆိုသလို လေပူထသည့်ရောဂါ နှင့် လေချဉ်တက်သော ဝေဒနာအတွက်ငရုတ်ကောင်း ၅ ကျပ်သား၊ ဆား ၃ ကျပ်သားတို ့ကို အမှုန် ့ပြုလုပ်၍ လေလုံသော ပုလင်းတွင် ထည့်ပါ၊ ထမင်းမစားမီ တစ်ကြိမ် ထမင်းစားပြီး တစ်ကြိမ် ဆေးတစ် မူးသား(၂ ပဲသား) ခန် ့ကို ရေနွေးနှင့် နေ ့စဉ် သောက်သုံးပေးခြင်းဖြင့် သက်သာပျောက်ကင်းသွားစေနိုင်ပါတယ် (၄င်းဆေးကို သောက်သုံးနေစဉ် ကာလအတွင်း ချဉ်သော၊ ပူစပ်သော အစားအစာများကို လျော့စားရန် နှင့် အရက် လုံးဝမသောက်ဖို ့အ ရေးကြီးပါတယ်)
(၁၆) ဆားကို မြေအိုးသေးသေးတွင်ထည့်ပြီး စလောင်းဖုံးကို ပက်လက်ဖုံး၍နန်းကြိုးနှင့်တုပ်ပါ။ ၄င်းမြေအိုးကို မီးဖိုတွင်မှောက်၍ ဖုတ်ပါ(ဆားထဲသို
့ပြာများ မဝင်စေရ) နေ ့စဉ်ချက်ပြုတ်နေကျမီးဖိုမှာ ထည့်ဖုတ်စားပြီးတစ်ပတ်ခန် ့ကြာမှ ဖော်၍ရသော ဆား တို ့ကို ပြန်ထောင်းပါ။ ၄င်းဆားကို
ပုလင်းထဲထည့်ထားပြီး ဆန်လွတ ်နနွင်းစစ်စစ်ဖြင့် ရောသောက်ပါ။ (ဆားမန်ကျည်းစေ့ ခန် ့နှင့် နနွင်းမန် ကျည်းစေ့ခန် ့တို ့ကို ရော၍နံက်အိပ်ယာထထချင်း ရေ နှင့် အဝသောက်ပေးပါ) ထိုသို ့ ပုံမှန် တစ်လတိတိသောက်ပေးခြင်းဖြင့် လေထိုးလေနာရောဂါ လုံးဝ ပျောက်ကင်းသွားပါလိမ့်တယ်။
(၁၇) လယ်ပုဇွန်လုံးစားပေးပါ။ လေနာ၊ သည်းခြေနာတို ့ကို နိုင်ပြီး ဆီးရွှင်စေပါတယ်။
(၁၈) သံပုရာသီးအစိမ်း၏ အခွံကို စားပေးပါက လေနာ၊ ရင်နာ များကို ပျောက်ကင်းစေပါတယ်။
(၁၉) ကြိမ်သီးစားပါ၊ လေနာရောဂါကို ပယ်ပါတယ်။
(၂၀) လေထိုး လေအောင့် လေပွခြင်း စတဲ့ အူလမ်းကြောင်းနဲ ့ဆိုင်ရာရောဂါများအတွက်ကိုလည်း ကန် ့ချုပ်နီပင်(သို ့)ကန် ့ ချုပ်ဖြူပင်(သို)ကြက်ဆူပင်(သို ့)ဂန် ့ဂလာပင်(သို ့)ငါးရန် ့ပလူပင်(သို ့) ဆူးလေပင်(သို့)ဒဟပ်ပင်(သို ့)မောင်မခေါ်ပင်(သို ့) မြတ်လေးပန်းအနီ ၏ အရွက် နှင့်အမြစ်ကို ပြုတ်၍ သောက်ပေးသင့်ပါတယ်။ ကြက်ဆူဆီကိုလည်း လိမ်းပါ၊ သောက်ပါ။
(၂၁) ကရမက် (အထူးသဖြင့် ကရမက်ပင်၏ အမြစ်) ကို သွေး၍ သောက်ပေးပါ၊
လေနာရောဂါကို နိုင်ပါတယ်။
(၂၂) ရှဉ့်မတက်ပင်၏ အမြစ်ကလည်း လေနာရောဂါကို ပျောက်ကင်းစေနိုင်ပါတယ်။
(၂၃) ကနခိုစေ့ သောက်ပါ၊ လေချုပ်ခြင်းကို သက်သာစေပါတယ်။
(၂၄) ကြံသကာစားပေးခြင်းဖြင့် လေပူ၊ လေအောင့်ခြင်းကို မဖြစ်စေတော့ပါဘူး။
(၂၅) ကြိတ်မှန်ရွက်စားပါ၊ လေကွဲစေပါတယ်။
(၂၆) ကသစ်ရွက် နှင့် ကသစ်မြစ်တို ့ကို လေကြေဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။
(၂၇) ကြောင်ပန်းရွက် နှင့် ကြောင်ပန်းပွင့်တို ့ကို ပြုတ်၍ သုပ်စားပေးပါ။
(၂၈) ခရမ်းစပ်သီး က လေကို ကြေစေတဲ့အပြင်၊ လေကြောင့်ဖြစ်တတ်သော
ရောဂါများကို နိုင်ပါတယ်။ (ဆင်ခရမ်းပင် နှင့် ခရမ်း ကစော့ပင်၏ အမြစ်တို
့ကလည်း ၀မ်းကိုပျော့စေ၍ လေထိုးလေအောင့်ကို နိုင်ပါတယ်)
(၂၉) ချဉ်ပေါင်နီ(လက်ချားချဉ်ပေါင်)ရွက် က ချဉ်၍ပူသောဓာတ်ရှိတာကြောင့်
လေနာရောဂါ နှင့် လေကြောင်းမူးဝေတတ်သော ဝေဒနာတို ့ကိုပါ
ပျောက်ကင်းစေပါတယ်။
(၃၂) ခံသီးအမှည့်များ၊ ဂွေးသီး အစိမ်းများ စားပေးပါ၊ လေနိုင်စေပါတယ်။
(၃၃) ချိုးလည်ပြောက်ဌက် ၏ အသားကို စားပေးခြင်းဖြင့် လေရောဂါ နှင့်တကွ
လေသည်းခြေတို ့ကို နိုင်ပါတယ်။ (သို ့သော် ချိုး သား မစားသင့်ပါဘူး
လေကိုထစေပါတယ်)
(၃၄) ဂျင်းစားပါ (သို ့)ဂျင်းခြောက်ကို ရေနွေးကြမ်းခတ်၍ သောက်ပေးပါ။
(၃၅) ဂုံညင်းဆံက လေချုပ်ခြင်းကို သက်သာစေသောကြောင့် ၄င်းဂုံညင်းဆံကို
ယိုထိုး၍ စားပေးသင့်ပါတယ်။
(၃၆) ဂုံမင်းပင် က လေကိုကြေစေ၍ မကြာခဏ ဟင်းချိုချက်သောက်ပေးပါ။
(၃၇) ငါးမြွေတိုး၊ ငါးသလဲထိုး၊ ငါးနုသန်း၊ ငါးခူ၊ ငါးခုံးမ၊ ငါးကြင်း၊
ပုစွန်ထုပ် တို ့က လေထိုး လေအောင့် လေနာရောဂါသည်များ ကို
ကောင်းကျိုးပြုပါတယ်။
(၃၈) ငြုတ်ကောင်းက လေကိုနိုင်တာကြောင့် ဟင်းချိုဟင်းခါးချက်၍
ငြုတ်ကောင်းများများ ထည့်သောက်ပေးပါ (သို ့) ငရုတ် ကောင်းမှုန့်ကို
နွယ်ချိုျနှင့် ရောလျက်ပေးပါက လေထိုးလေအောင့်ရောဂါ၊ နှလုံးတုန်
ရင်ခုန်ရောဂါ ပျောက်၏။
(၃၉) ဌက်ပျောချဉ်က လေကိုကြွစေတာကြောင့် လေမလည်သူများ စားပေးသင့်ပါတယ်။
၀က်မလွတ် ဌက်ပျော၊ ရခိုင်ဌက်ပျော ၊ ဌက်စိုင်ရှင်၊ ဌက်ရွှေစာ စတဲ့
ဌက်ပျောများက လေကိုကြေစေပါတယ်။
(၄၀) ငုပင် ၏ အမြစ် နှင့်အသီးတို ့ကို ပြုတ်၍သောက်ပေးခြင်းဖြင့် လေကို
နှိမ်နင်းပေးပါတယ် (သို ့)ငုပင်၏ အမြစ်ကို နွားနို့ နှင့်ပြုတ်သောက်ပါ။
(၄၁) စပျစ်သီးအမှည့်ကို အခွံရောအစေ့ပါ ၀ါး၍စားပေးပါ။
(၄၂) ဒရယ်သား နှင့် စိုင်သား(စိုင်ကောင်၏ အသား) က လေနာရောဂါကို ပျောက်ကင်းစေပါတယ်။
(၄၃) စပါးကြီးသည်းခြေက လေနာရောဂါအမျိုးမျိုးအတွက် ဆေးဖက်ဝင်ပါတယ်။
(၄၄) ရှေးတိုင်းရင်းသမားတော်ကြီးများက စရိုပင်၏အရွက်အမြစ်၊ စမုံပွဲ၊စမုံစပါး၊ စမုံနီ၊ စမြိတ်စေ့ဆူ၊ နွယ်ချိုမြစ်၊ ပင်စိမ်းပင်၏ အမြစ်၊ ပဲနံ
့သာစေ့၊ ပင်စိမ်းစေ့၊ ပျဉ်းကတိုးပွင့်၊ ပိတ်ခြင်းရွက်၊ ပတဲကော၊ ဖာလာငယ်၊ဘုမ္မရာဇာ၊ မက်လင်ချဉ်၊ သိန္ဓော၊ သစ်ကျပိုး၊ အလိုကြူ စသည်တို ့ကို
လေနာရောဂါဆေးဝါးဖော်စပ်ရာမှာ ထည့်သွင်း၍ အသုံးပြုလေ့ရှိပါတယ်။
(၄၅) အဖြူရောင် တရုပ်စကားပန်းပင်၏ အပွင့်က လေနာရောဂါ အတွက်သာမက၊ လေအားကြီး၍ ဆာလောင်မွတ်သိပ်ရောဂါ ကိုပါ ပျောက်ကင်းစေပါတယ်။
(၄၆) ဆူးပုပ်အရွက်ကို စားသုံးခြင်းဖြင့် အထက်သို့ ဆန်တက်သော လေ
ကိုလည်းကောင်း၊ အောက်သို့သက်သော လေကို လည်းကောင်း ကြေစေနိုင်ပါတယ်။
(၄၇) ဆီး(ဇီး)သီးက လေကိုပွစေတတ်သော်လည်း ဆီးစေ့က လေ ကို နိုင်ပါတယ်။
(၄၈) တလဲသီး၊ နာနတ်သီး၊ ရင့်မှည့်သော ပိန္နဲသီး၊ သင်္ဘောသခွား၊ သပွတ်သီး၊
သီး သီး အမှည့်၊ သင်္ဘောသီးမှည့်၊ ရှစ်ရှားသီး၊ ရွဲယိုသီး၊ ရှောက်ချိုသီး၊
ရှောက်ချဉ်သီး၊ ရှောက်သီး၊ သံပုရာသီး စားပါ။
(၄၉) တောရှောက်ခါးသီးစားပါ။
(၅၀) ထနောင်းပင်၏ အစေ့ကလည်း အစာမကြေ လေချုပ်ခြင်းကို ပျောက်ကင်းစေနိုင်ပါတယ်။
(၅၁) ထန်းသီး အမှည့်၊ ထန်းရေချို နှင့် ထန်းပင်မြစ်တို ့က လေ နှင့်
သည်းခြေရောဂါတို့ကို နိုင်ပါတယ်။
(၅၂) ဒန် ့သလွန်ရွက်က သွေးလေ ကြေစေ၍ မကြာခဏ စားပေးသင့်ပါတယ်။
(၅၃) ဒန် ့ချွဲပင်၏ အမြစ်က လေနာ၊ လေလုံး၊ လေဖျင်း ရောဂါတို ့ကို ကျေစေပါတယ်။
(၅၄) နွားနို ့သောက်ပါ။
(၅၅) ပိတောက်ပန်း အခြောက်က လေဆန်ရောဂါအတွက်သာမက လေကြောင့်ဖြစ်တတ်သော
နှလုံးဆို ့ခြင်းကိုလည်း သက်သာ ပျောက်ကင်းစေပါတယ်။
(၅၆) ပုန်းညက်ပန်းပွင့်ရှုပေးပါ၊ ပွင့်ခြောက်ကို ရေနွေးကြမ်းခတ်၍ သောက်ပါ။
(၅၇) ပရန္နဝါရွက်က လေကို ကြေစေရုံသာမက၊ လေဖျဉ်း၊ လေကြိတ် တို ့ကို နိုင်ပါတယ်။
(၅၈) ဗုံလုံသီး(ခေါ်)ပဲလင်းမြွေသီး မကြာခဏချက်စားပေးပါ။
(၅၉) ဖွတ်သား စားပေးပါ။
(၆၀) ဟင်းနုနယ်ရွက် (သု ့ိ) ဗူးညွန် ့ကို ကြော်ချက်၍စားပေးပါ (သို ့သော်
ဗူးသီး မစားရ)
(၆၁) ဟင်းဂလာရွက် (သို ့) မန်ကျည်းရွက်ကို မကြာခဏ လက်သုပ် သုပ်စားပေးပါ
(နောက်တနည်း)မန်ကျဉ်းပင်အခေါက်ပြာ ကို ပျားရည်နှင့် ဖျော်လျက်သော်
၀မ်းဗိုက် ထိုးအောင့် နာကျင်ခြင်း ပျောက်စေပါတယ်။
(၆၂) ရေသဖန်းရွက်၊ ရှားရွက်၊ ဂွေးတောက်ရွက်၊ သင်္ဘောရွက် တို ့ကို အတို
့အမြှုပ်လုပ်စားပေးပါ။
(၆၃) လေးညှင်းပွင့်က လေပုပ် ကျစေပါတယ်။
(၆၄) သစ္စာပန်းရွက်ကို ပြုတ်၍ သောက်ပေးပါ။
(၆၅) သရက်ပင်၏ အရွက်နုက လေကျေစေပါတယ်။
(၆၆) သနပ်ပင်၏ အမြစ် (သို ့) သပြေပင်၏ အမြစ်တို ့ကို ပြုတ်၍ သောက်ပါ။
(၆၇) နံကြားတွင်ထိုးသော လေရောဂါအတွက် ကင်ပွန်းသီးကို မီးဖုတ်၍ စမုံနက်၊ ဆားတို ့ဆတူရော၍ သောက်ပါ။
(၆၈) ကျောက်ဖရုံခါးပင်၏ အရွက် (သို ့) ထားဝယ်မှိုင်း အရွက် တို ့ကို
ပြုတ်၍ သောက်ပေးပါ။
(၆၉) သင်္ဘောသီးအစိမ်းကို ငါးခူ၊ ငါးရံ့၊ ငါးကြင်း၊ ငါးမြစ်ချင်း၊
ငါးပနော်မီးကင်တို့ ရောဖက်ကာ မန်ကျည်းရည်ဖြင့် ချဉ်ရည်ဟင်း ချက်စားပါက
လေပွ၊ လေထိုးလေအောင့် သက်သာစေ၏။
(၇၀) နနွင်း ကို ဆားအနည်းငယ်ခတ်၍ တစ်နေ့ ၃ကြိမ် သောက်ခြင်းဖြင့် လေထိုး လေအောင့်ရောဂါ ပျောက်စေပါတယ်။
(၇၁) ပရုတ်အေးပင်ကို ပြုတ်သောက်ပါ (သို ့) ပရုတ်အေး အရွက်ကို
ပေါင်းချွေးပြုလုပ်၍ သောက်ပါ။
(၇၂) စံကားဝါအခေါက်ကိုပြုတ်သောက်သော် နာတာရှည် လေရောဂါ ပျောက်ပါတယ်။
(၇၃) စမြိတ်စေ့ကို သုံးခွက်တစ်ခွက်တင် ကျိုသောက်ပါက ရင်ဘတ်နာ၊
လေထိုးလေအောင့်၊ လေနာရောဂါများ ပျောက်စေပါ တယ်။
(၇၄) လက်ထုတ်ကြီး အခေါက် ပြုတ်ရည်တွင် ဆားနှင့် ရှိန်းခို အနည်းငယ်
ထည့်သောက်ခြင်းဖြင့် လေထိုး လေအောင့် ပျောက်ပါတယ်။
(၇၅) ရှောက်သီးတစ်လုံးကို ဆန်ဆေးရည် တစ်ပိဿာ နှင့် ရေခန်းအောင် ပြုတ်ပြီး
နူးလျှင် ဆန်ခါ နှင့်စစ်ချ၍ ယင်းတစ်ဆယ် သားခန့်ကို ဆား အနည်းငယ် နှင့်
မွှေ၊ နေလှန်း ၊ အမှုန့် ပြုပြီး သုံးဆောင်က လေရောဂါ အမျိုးမျိုး
ပျောက်ကင်းသွားပါမယ်။
(၇၆) ပျားရည်နှင့် ကြစုသီးမှုန့်ကို လျက်ပေးပါက လေရောဂါ ပျောက်ပါတယ်။
မှတ်ချက်။
ဆောင်ရန်ရှောင်ရန်
(၁) ဟင်းခတ်အမျိုးအစားဖြစ်တဲ့ ဇာတိိပ္ဖိုလ်သီးကို
မြန်မာ့့ဆေးကျမ်းများတွင်သာမက၊ နိိုင်ငံတကာမှာ လေနိုင်ဆေး အဖြစ်
အသုံးပြုလေ့ရှိကြပါတယ်။ သို ့သော် လိုအပ်သည်ထက်ပိုသုံးခဲ့ရင်
တက်ခြင်း/တုန်ခြင်း/ပျို ့အန်ခြင်း/ရေဓာတ်ခမ်းခြောက် ခြင်း တို ့
ဖြစ်စေပြီး အခမသင့်ရင် အသက်ပါဆုံးရှုံးစေလို ့ သတိပြုသုံးစွဲကြပါ။
(၂)ကြောင်လျှာသီးကို လေရောဂါရှိသူများ အလွန် အကျွံ မစားသင့်ပေ။
(၃)သီမွှေးဌက်ပျောက ၀မ်းလေကိုချုပ်စေ၍ မစားသင့်ပါဘူး။
(၄) ရွှေနီဌက်ပျောကလေကိုပွစေတာ ကြောင့် ရင်ပြည့် ရင်ကယ်ရှိသူများ မစားသင့်ပါဘူး။
(၅)စပျစ်သီး အစိမ်းမစားပါနှင့်။
(၆) စာငယ်သား(ခေါ်)စာကလေးဌက် က လေရောဂါသမားများနှင့် မတည့်ပါဘူး။
(၇) ဆိတ်သားမစားပါနှင့် လေကိုပွစေတတ်ပါတယ်။
(၈) ဆီး(ဇီး)သီး မစားပါနှင့်။
(၉) တည်သီး အစိမ်းက ၀မ်းချုပ်လေချုပ်စေပါတယ်။
(၁၀) ပိန္နဲသီးအနု နှင့် အစေ့ တို ့ကိုမစားပါနှင့်။
(၁၁) မန်ကျည်းသီး အစိမ်း မစားပါနှင့်။
(၁၂) ယုံသား နှင့် မတည့်ပါ။
(၁၃)သရက်သီးစိမ်း မစားပါနှင့်။
(၁၄) သပြေသီးက လေချုပ်စေလို ့အထူးရှောင်ပါ။
(၁၅) ခဝဲသီး မစားရ။
(ပေါက်ပေါက်…ရေးသားမျှဝေသည်)

Post a Comment