ယောက်ျားတစ်ယောက် ပစ်သွားလို့  အသဲကွဲစရာမလိုပါဘူး..
Uni
ယောကျ်ားတစ်ယောက် ပစ်သွားလို့ အသဲကွဲစရာမလိုပါဘူး.. ယောကျ်ား တစ်ယောက် ပစ်သွားလို ့ အသဲကွဲတယ် ဆိုတာ ကိုယ့်အတွက်တော့ ရယ်စရာပါ ။ ကိုယ်က အချစ်ကြီးသလို အစွဲလန်းကြီးတယ်။ သစ္စာတရား ဆိုတာ ကိုယ့်ရဲ့အသက်လို တန်ဖိုးထားတာ ။
ကိုယ့်အချစ်မေတ္တာကို အောက်တန်းစား အဆင့်နဲ ့ လာအသုံးချသွားရင်လည်း သေတောင် ခွင့်မလွှတ်ဘူး။ ဒါ ကိုယ့်တန်ဖိုးလေ ။ ကိုယ့်ကိုယ်အပေါ်ယံနဲ့ မခန့်မှန်းပါနဲ ့။ ငိုရင် ငိုပြမယ်။ ရယ်ရင် ရယ်ပြနေမယ်။ ငိုပြနေတာ အလကား မဟုတ်ဘူး အကြောင်းရှိလို့။ ရယ်ပြနေတာကိုလည်း တကယ်မထင်နဲ ့ အချိန်ကောင်း စောင့်ဆိုင်းနေတာလည်း ဖြစ်နိုင်တယ် ။
ပတ်သက်ခဲ့တဲ့ အချိန်အတိုင်းတာ တစ်ခုမှာ ကိုယ်က ဘာတစ်ခုမှ အခွင့်ရေး မယူခဲ့ဖူးဘူး။ ကိုယ်ကပဲ ဖေးမကူညီခဲ့တာ။ ဒါကြောင့် ဘယ်မျက်နှာမှလည်း ထောက်ထားဖို ့ မလိုအပ်ဘူး အရှင်းကြီးပဲ ။ ကိုယ်က ဘယ်သူ့ အပေါ်မှာမှ လူပါး မဝခဲ့ဘူး။
ကိုယ့်အပေါ် လူပါး လာဝလို့ကတော့ လက်ဖျားလေးနဲ့ လာခတ်ရင် လက်အရင်းကနေ ဖြတ်ပစ်ရမှ ကျေနပ်တာ ။ အငြိုးကြီးတဲ့ လူတွေဟာ သရုပ်ဆောင် သိပ်ကောင်းတယ်။ အချိန်တစ်ခုကို စောင့်နိုင်တယ်။ ပြုံး ပြုံ းလေးနဲ့ သည်းခံတတ်တယ်။
အဲ့လို အမူယာတွေ နောက်မှာ ဘာတွေ ကိုင်ထားလည်း သိလား။ လူတစ်ယောက်ရဲ့ ဘဝကို တစစီ ဖဲ့ခြွေပစ်နိုင်တဲ့ ငရဲပန်းတွေ ပွေ့ပိုက်ထားတယ် ။ မကျေနပ်လို့ နောက်ကျောက ဓါးနဲ့ထိုးမဲ့အစားထဲ ကိုယ်မပါဘူး။ ရှေ တည့်တည့်က တချက်ခြင်းထိုးပြီး နာကျင်နေတဲ့ ဝေဒနာကို တစိမ့်စိမ့် ထိုင်ကြည့်နေမှာ ။
" ယုတ်ညံ့သူနဲ့ မိတ်ဆွေ ပျက်ရခြင်းဟာလည်း မင်္ဂလာတစ်ပါး ဖြစ်ပါတယ် " သိပ်ချစ်တာပဲ ပြောတိုင်း မာန်တက်ပြနေရင် ဖျားသွားလိမ့်မယ်။ အချစ်ဆိုတာ အချစ်ဦးထဲက ကုန်ဆုံးသွားပြီးသား ။
credit သာသာယာယာ#MayNoe
Post a Comment