ေရယံုအတြက္ အိမ္မွာပဲ သက္ေတာင့္သက္သာ ကုလို႔ရတဲ့ နည္းလမ္းေကာင္းမ်ား...
Zawgyi ျဖင့္ဖတ္၇န္
ေရယံုဆိုတာဟာ ဗိုင္းရပ္စ္တစ္မ်ိဳးေၾကာင့္ ျဖစ္ရတာျဖစ္ၿပီး ခႏၶာကိုယ္ရဲ႕ေနရာအႏွံ႔မွာေပါက္ႏိုင္ပါတယ္။Herpes simplex virus 1 နဲ႕ 2 ဆိုၿပီးႏွစ္မ်ိဳးရွိပါတယ္။
(1)ကေတာ့မ်က္ႏွာ၊ႏႈတ္ခမ္း၊ပါးစပ္မွာေပါက္ေလ့ရွိၿပီး၊
(2)ကေတာ့ လိင္လမ္းေၾကာင္း မွာေပါက္တတ္ပါတယ္။အစပ်ိဳးစေရယံုေတြဆိုရင္ေတာ့ မိမိတို႔လက္လွမ္းမီတဲ့ ပစၥည္းေလးေတြနဲ႔ေပ်ာက္ကင္းေအာင္ ကုလို႔ရပါတယ္။ဒါေပမယ့္လည္း ျပင္းထန္တဲ့ေရယံုေတြနဲ႔ လူကိုအႏၱရာယ္ရွိတဲ့ ကိုယ္ခႏၶာအစိတ္အပိုင္းေတြ မွာ ေပါက္တဲ့ေရယံုဆိုရင္ေတာ့ ကၽြမ္းက်င္တဲ့ဆရာ၀န္နဲ႔ျပၿပီး ကုသဖို႔ အႀကံျပဳပါရေစ။
(၁)ေရခဲအိတ္
ေရခဲအိတ္ဟာ ေရယံုကို ကုသေပးရာမွာ အေထာက္အကူျဖစ္ေစတဲ့ ပစၥည္းေတြထဲက တစ္ခုျဖစ္ပါတယ္။ေရခဲအိတ္ ကပ္ေပးျခင္းဟာ ေရယံုေၾကာင့္ျဖစ္တဲ့ နာက်င္မႈကို သက္သာေစႏိုင္ပါတယ္။ေရယံုေပ်ာက္တဲ့ေနရာကို တိုက္ရိုက္ကပ္ ေပးႏိုင္ၿပီး (၃)နာရီ(၄)နာရီေလာက္ၾကာေအာင္ ကပ္ေပးျခင္းအားျဖင့္ နာက်င္မႈကို သက္သာေစ မွာျဖစ္ပါတယ္။
(၂)ဆားခါး
ဆားခါးဟာလည္း ေရယံုအတြက္ အသံုး၀င္တဲ့ ပစၥည္းတစ္မ်ိဳးပါ။ဆားခါးလက္တစ္ဆုပ္စာကို ေရတစ္၀က္ေလာက္ ထည့္ထားတဲ့ေရပံုးထဲမွာ ထည့္ၿပီး ေမႊလိုက္ပါ။ၿပီးရင္ေတာ့ ေရယံုေပါက္တဲ့ေနရာကို အဲ့ဒီေရထဲမွာ (၁၅)မိနစ္၊မိနစ္ (၂၀)ေလာက္ၾကာေအာင္ စိမ္ေပးပါ။စိမ္ၿပီးရင္ေတာ့ခဏေလာက္ေျခာက္ေအာင္ထားေပးဖုိ႔လိုပါတယ္။
(၃)ေရွာက္သီး၊သံပရိုသီး
ေရွာက္သီး၊သံပရိုသီးဟာ ေပါက္ခါစေရယံုအတြက္ ေကာင္းတ့ဲေဆးနည္းတစ္ခုပါ။၄င္းတို႔ကို လွီးျဖတ္ၿပီး ေရယံုေပၚမွာ ၾကာႏိုင္သမွ်ၾကာၾကာထားေပးပါ။တစ္ႀကိမ္သံုးၿပီးသား ေရွာက္သီး၊သံပရိုသီးအစိတ္အပိုင္းေတြကုိေတာ့နာက္တစ္ႀကိမ္ျပန္ မသံုးမိေစဖို႕ သတိျပဳပါ။
(၄)လက္ဖက္ေျခာက္ထုပ္
လက္ဖက္ေျခာက္ထုပ္ေလးေတြကိုလည္း ေရယံုအတြက္ အသံုးျပဳႏိုင္ပါတယ္။လက္ဖက္ေျခာက္ထုပ္ကို ေရေႏြးထဲမွာ မိနစ္ အနည္းငယ္ေလာက္စိမ္ေပးပါ။ၿပီးရင္ေတာ့ စိုေနတဲ့လက္ဖက္ေျခာက္ထုပ္ကို ေရယံုေပါက္တဲ့ေနရာေပၚမွာ ထားေပးပါ။ Black tea လက္ဖက္ေျခာက္ထုပ္ဟာ ေယာင္ယမ္းတာေတြကို သက္သာေစႏိုင္တဲ့အစြမ္းရွိပါတယ္။
(၅)ရွားေစာင္းလက္ပတ္
ရွားေစာင္းလက္ပတ္ကို ေဆးအျဖစ္ ေနရာေတာ္ေတာ္မ်ားမ်ားမွာ အသံုးျပဳေလ့ရွိပါတယ္။ေရယံုအတြက္လည္း ရွားေစာင္းလက္ပတ္ကို အသံုးျပဳႏိုင္ၿပီး ယားယံျခင္းကို သက္သာေစႏိုင္ပါတယ္။ တစ္ေန႔ႏွစ္ႀကိမ္ ရွားေစာင္းလက္ပတ္နဲ႔ပြတ္တိုက္ေပးျခင္းအားျဖင့္ (၁၀) ရက္(၁၅)ရက္ေလာက္အၾကာမွာ သိသိသာသာ ထူးျခားလာတာကို ေတြ႔ျမင္ရမွာျဖစ္ပါတယ္။
(၅)ေဆးဖက္၀င္ ေရေႏြးၾကမ္း
ေဆးဘက္၀င္ေရေႏြးၾကမ္းေတြ ဥပမာ-ဂ်င္း၊လီမြန္အစရွိတဲ့ ေဆးဘက္၀င္သစ္ဥသစ္ဖု ေရေႏြးၾကမ္းေတြကို တစ္ေန႔ႏွစ္ႀကိမ္ ေသာက္သံုးေပးျခင္းဟာလည္း ေရယံုအတြက္ အေထာက္အကူျဖစ္ေစပါတယ္။
(၆)ႏို႔
မက်ိဳခ်က္ရေသးတဲ့ ႏို႔(ႏြားႏုိ႔၊ဆိတ္ႏို႕)ေတြဟာေရယံုအတြက္ ေကာင္းတဲ့ေဆးနည္းတစ္ခုပါ။ေရယံုေပါက္တဲ့ေနရာ ကိုႏို႔ေလာင္းခ်ၿပီး (၁၅)မိနစ္ေလာက္ၾကာေအာင္ထားေပးပါ။ႏို႔မွာပါတဲ့ monocarpin အဆီဟာ ဗိုင္းရပ္စ္ေတြကုိ သတ္ႏိုင္စြမ္းရွိပါတယ္။
Shwemom
Unicodeဖြင့်ဖတ်ရန်
ရေယုံအတွက် အိမ်မှာပဲ သက်တောင့်သက်သာ ကုလို့ရတဲ့ နည်းလမ်းကောင်းများ
ရေယုံဆိုတာဟာ ဗိုင်းရပ်စ်တစ်မျိုးကြောင့် ဖြစ်ရတာဖြစ်ပြီး ခန္ဓာကိုယ်ရဲ့နေရာအနှံ့မှာပေါက်နိုင်ပါတယ်။Herpes simplex virus 1 နဲ့ 2 ဆိုပြီးနှစ်မျိုးရှိပါတယ်။
(1)ကတော့မျက်နှာ၊နှုတ်ခမ်း၊ပါးစပ်မှာပေါက်လေ့ရှိပြီး၊
(2)ကတော့ လိင်လမ်းကြောင်း မှာပေါက်တတ်ပါတယ်။အစပျိုးစရေယုံတွေဆိုရင်တော့ မိမိတို့လက်လှမ်းမီတဲ့ ပစ္စည်းလေးတွေနဲ့ပျောက်ကင်းအောင် ကုလို့ရပါတယ်။ဒါပေမယ့်လည်း ပြင်းထန်တဲ့ရေယုံတွေနဲ့ လူကိုအန္တရာယ်ရှိတဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ မှာ ပေါက်တဲ့ရေယုံဆိုရင်တော့ ကျွမ်းကျင်တဲ့ဆရာဝန်နဲ့ပြပြီး ကုသဖို့ အကြံပြုပါရစေ။
(၁)ရေခဲအိတ်
ရေခဲအိတ်ဟာ ရေယုံကို ကုသပေးရာမှာ အထောက်အကူဖြစ်စေတဲ့ ပစ္စည်းတွေထဲက တစ်ခုဖြစ်ပါတယ်။ရေခဲအိတ် ကပ်ပေးခြင်းဟာ ရေယုံကြောင့်ဖြစ်တဲ့ နာကျင်မှုကို သက်သာစေနိုင်ပါတယ်။ရေယုံပျောက်တဲ့နေရာကို တိုက်ရိုက်ကပ် ပေးနိုင်ပြီး (၃)နာရီ(၄)နာရီလောက်ကြာအောင် ကပ်ပေးခြင်းအားဖြင့် နာကျင်မှုကို သက်သာစေ မှာဖြစ်ပါတယ်။
(၂)ဆားခါး
ဆားခါးဟာလည်း ရေယုံအတွက် အသုံးဝင်တဲ့ ပစ္စည်းတစ်မျိုးပါ။ဆားခါးလက်တစ်ဆုပ်စာကို ရေတစ်ဝက်လောက် ထည့်ထားတဲ့ရေပုံးထဲမှာ ထည့်ပြီး မွှေလိုက်ပါ။ပြီးရင်တော့ ရေယုံပေါက်တဲ့နေရာကို အဲ့ဒီရေထဲမှာ (၁၅)မိနစ်၊မိနစ် (၂၀)လောက်ကြာအောင် စိမ်ပေးပါ။စိမ်ပြီးရင်တော့ခဏလောက်ခြောက်အောင်ထားပေးဖို့လိုပါတယ်။
(၃)ရှောက်သီး၊သံပရိုသီး
ရှောက်သီး၊သံပရိုသီးဟာ ပေါက်ခါစရေယုံအတွက် ကောင်းတဲ့ဆေးနည်းတစ်ခုပါ။၄င်းတို့ကို လှီးဖြတ်ပြီး ရေယုံပေါ်မှာ ကြာနိုင်သမျှကြာကြာထားပေးပါ။တစ်ကြိမ်သုံးပြီးသား ရှောက်သီး၊သံပရိုသီးအစိတ်အပိုင်းတွေကိုတော့နာက်တစ်ကြိမ်ပြန် မသုံးမိစေဖို့ သတိပြုပါ။
(၄)လက်ဖက်ခြောက်ထုပ်
လက်ဖက်ခြောက်ထုပ်လေးတွေကိုလည်း ရေယုံအတွက် အသုံးပြုနိုင်ပါတယ်။လက်ဖက်ခြောက်ထုပ်ကို ရေနွေးထဲမှာ မိနစ် အနည်းငယ်လောက်စိမ်ပေးပါ။ပြီးရင်တော့ စိုနေတဲ့လက်ဖက်ခြောက်ထုပ်ကို ရေယုံပေါက်တဲ့နေရာပေါ်မှာ ထားပေးပါ။ Black tea လက်ဖက်ခြောက်ထုပ်ဟာ ယောင်ယမ်းတာတွေကို သက်သာစေနိုင်တဲ့အစွမ်းရှိပါတယ်။
(၅)ရှားစောင်းလက်ပတ်
ရှားစောင်းလက်ပတ်ကို ဆေးအဖြစ် နေရာတော်တော်များများမှာ အသုံးပြုလေ့ရှိပါတယ်။ရေယုံအတွက်လည်း ရှားစောင်းလက်ပတ်ကို အသုံးပြုနိုင်ပြီး ယားယံခြင်းကို သက်သာစေနိုင်ပါတယ်။ တစ်နေ့နှစ်ကြိမ် ရှားစောင်းလက်ပတ်နဲ့ပွတ်တိုက်ပေးခြင်းအားဖြင့် (၁၀) ရက်(၁၅)ရက်လောက်အကြာမှာ သိသိသာသာ ထူးခြားလာတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။
(၅)ဆေးဖက်ဝင် ရေနွေးကြမ်း
ဆေးဘက်ဝင်ရေနွေးကြမ်းတွေ ဥပမာ-ဂျင်း၊လီမွန်အစရှိတဲ့ ဆေးဘက်ဝင်သစ်ဥသစ်ဖု ရေနွေးကြမ်းတွေကို တစ်နေ့နှစ်ကြိမ် သောက်သုံးပေးခြင်းဟာလည်း ရေယုံအတွက် အထောက်အကူဖြစ်စေပါတယ်။
(၆)နို့
မကျိုချက်ရသေးတဲ့ နို့(နွားနို့၊ဆိတ်နို့)တွေဟာရေယုံအတွက် ကောင်းတဲ့ဆေးနည်းတစ်ခုပါ။ရေယုံပေါက်တဲ့နေရာ ကိုနို့လောင်းချပြီး (၁၅)မိနစ်လောက်ကြာအောင်ထားပေးပါ။နို့မှာပါတဲ့ monocarpin အဆီဟာ ဗိုင်းရပ်စ်တွေကို သတ်နိုင်စွမ်းရှိပါတယ်။
Shwemom

Post a Comment