အမျိုးသမီးများ ကိုယ်ဝန်တည်စကကြောက်မက်ဖွယ် လေအန်ရောဂါနှင့်​ ဥသျှစ်တစ်လုံးဆေးအသုံး...




Zawgyi ဖြင့်ဖတ်၇န်



သွေးဝမ်းသွားခြင်း

မြွေဆိပ်ဖြေဆေး





Unicodeဖြင့်ဖတ်ရန်

အမျိုးသမီးမှာ ကိုယ်ဝန်တည်စကကြောက်မက်ဖွယ် လေအန်ရောဂါဖြစ်တော့သည်။ တဝေါဝေါနှင့် ပြီးနိုင် သည်မရှိတော့ချေ။
အိမ်၏အနီးအမေကြီးကဥသျှစ်သီးမှည့်အနှစ်ကိုကြိတ်ပြီး ဆန်ဆေးရည်နဲ့ သာသောက်လိုက် ချင်ချင်းသက်သာ သွားမည်ဟုဆို၍ ဥသျှစ်သီးမှည့်ကိုဆန်ဆေးရည်ဖြင့် ဖျော်ကာ သကြားလေးထည့်ပြီး တိုက်ပေးခဲ့ရာအမှန်ပင်သက်သာပျောက် ကင်း ခဲ့ပါသည်။

ကိုယ်ခန္ခာယားယံခြင်း၊မိတ်ဖုများထွက်ပါက
ဥသျှစ်သီးခွံနှင့်သနပ်ခါးရောကာသွေးလူးပေးပါက ယားယံခြင်း၊ မိတ်ထွက်ခြင်းများ သက်သာပျောက်ကင်းပါသည်။

သွေးဝမ်းသွားခြင်း
ဥသျှစ်စီးမှည့်ကို ထန်းလျက်နှင့်ရောကာစားပေးပါက သွေးဝမ်းသွားခြင်းကိုပျောက်စေပါသည်။

မြွေဆိပ်ဖြေဆေး
ဥသျှစ်မြစ်ကိုသွေးပြီးသောက်ခြင်း၊သွေးပြီးလိမ်းပေးပါက မြွေဆိပ်ပြေနိုင်ပါသည်။

ဆီးချိုနှင့်ဥသျှစ်သီး
ရဲယိုရွက်(၁၀)ရွက်နှင့် ဥသျှစ်သီးမှည့်(၁)လုံးကို ရေသန့်ဗူး (၃)ဗူး စာရေထည့်ပြီး (၃)ခွက်(၁)ခွက်ကျန်အောင်ကပြုတ် ကျို ၍ နေ့စဉ်နံနက်/ည အကြမ်းပန်းကန်လုံး(၁)လုံးမျှ သောက်ပေးပါက ဆီးချိုရောဂါကိုသိသိသာသာသက်သာ ပျောက်ကင်းနိုင်ပါသည်။

သိမီလေ့လာသမျှသုတနှင့် အရှင်နာဂသိန်ပုံပြ ဆေးအဘိဓာန်မှ ထုတ်နုတ်တင်ပြပါသည်။
လိုသူတို့သုံး စိတ်နှလုံးရွှင်ပြုံးနိုင်ပါစေ…

ရဲမျိုး သူ(ဗောဓိမြိုင်)
Powered by Blogger.