က်ီးေပါင္းေၾကာင့္မူးသူမ်ားအတြက္ ႏြယ္ျမက္သစ္ပင္ ေဆးဘက္ဝင္တဲ႕ “ဝါးမင္း”...



Zawgyi ျဖင့္ဖတ္၇န္

က်ီးေပါင္းေၾကာင့္မူးသူမ်ားအတြက္
ႏြယ္ျမက္သစ္ပင္ ေဆးဘက္ဝင္တဲ႕
“ဝါးမင္း” အေၾကာင္းမ်ွေဝခ်င္ပါတယ္။

လြန္ခဲ႕တဲ႕လက ကဖိုးေမာင္တေယာက္
ပက္လက္ကုလားထိုင္ေပၚကအထ,မွာ
မိုက္ခနဲမူးလြန္းတာေၾကာင့္
ဆရာဝန္ေျပးေခၚခဲ႕ရပါတယ္။

ဆရာဝန္ေရာက္လာလို႕
ေသြးေပါင္ခ်ိန္ေတာ့လည္းပံုမွန္
ေသြးခ်ိဳလည္းမရွိ မူးတာကလည္း
ခ်ာခ်ာလည္ ။

စမ္းသပ္ျပီးတဲ႕အခါ လည္ပင္းေၾကာရိုး
က်ီးေပါင္းေၾကာင့္မူးတာပါ တဲ႕။
ေဆးထိုးေဆးေသာက္လိုက္တဲ႕အခါ
သက္သာသြားေပမဲ႕အရွင္းမေပ်ာက္ပါဘူး
အိပ္ယာဝင္ အိပ္ယာထ မူးေနတုန္းပါဘဲ။

လမ္းေလွ်ာက္ရင္းလည္းတခါတရံ
မူးေနာက္ေနတုန္းမို႕ အထူးကုျပဖို႕
စီစဥ္ရပါေတာ့တယ္။

အထူးကုျပဖို႕စာရင္းေပးထားတုန္းမွာဘဲ
ကဖိုးေမာင္ရဲ႕ မိတ္ေဆြဘၾကီးဦးလွတင္က
ဓါတ္ပံုထည္းမွာျပထားတဲ႕ ဝါးပင္တပင္ကို
ခုတ္ယူေစျပီး ေသြးလူးခိုင္းပါတယ္။

အသက္၉၀ ဝန္းက်င္ဘၾကီးကအာမခံပါတယ္ ။“အဲ႕ဒိဝါးပင္ေလးကိုေသြးျပီးလည္ပင္း ဂုတ္စသည္နွံ႕စပ္ေအာင္လိမ္းအိပ္စမ္းပါကြာ။ဘာအထူးကုမွမလိုပါဘူး”တဲ႕

ကဖိုးေမာင္ၾကီးကလည္း ဝမ္းသာအားရယူလာျပီးညဘက္နဲ႕ မနက္ခင္းေတြေသြးလူးေပးလိုက္တဲ႕အခါယူျပစ္သလို ေပ်ာက္ကင္းသြားတာမို႕

အံ႕ၾသဝမ္းသာျဖစ္ၾကရပါတယ္။
အထူးကုဆီလည္းမေရာက္လိုက္ပါဘူး။

ျဖစ္ခါစမို႕ခ်က္ခ်င္းသက္သာပံုပါဘဲ။

နွစ္ရွည္လမ်ား ေခါင္းငံု႕ျပီးဂီတာတီးလာတဲ႕
ကဖိုးေမာင္မွ က်ီးေပါင္းမျဖစ္ခံနိုင္ပါ့မလား။

က်ီးေပါင္းေၾကာင့္မူးတတ္သူမ်ား
အသံုးတည့္ရင္သံုးၾကရေအာင္
ဝါးပင္ေလးကို ညြွန္းျပမ်ွေဝလိုက္ပါတယ္ရွင္။
ကဖိုးေမာင္ကေတာ့ အိုေကသြားပါျပီ။

တျခားအေၾကာအဆစ္နာသူမ်ားလည္း
သံုးနိုင္တယ္လို႕ဘၾကီးကေျပာပါတယ္။

“အနာ နဲ႕ ေဆး ေတြ႕ၾကပါေစ”

Credit – Original Writer

Unicodeဖြင့်ဖတ်ရန်

ကျီးပေါင်းကြောင့်မူးသူများအတွက်
နွယ်မြက်သစ်ပင် ဆေးဘက်ဝင်တဲ့
“ဝါးမင်း” အကြောင်းမျှဝေချင်ပါတယ်။

လွန်ခဲ့တဲ့လက ကဖိုးမောင်တယောက်
ပက်လက်ကုလားထိုင်ပေါ်ကအထ,မှာ
မိုက်ခနဲမူးလွန်းတာကြောင့်
ဆရာဝန်ပြေးခေါ်ခဲ့ရပါတယ်။

ဆရာဝန်ရောက်လာလို့
သွေးပေါင်ချိန်တော့လည်းပုံမှန်
သွေးချိုလည်းမရှိ မူးတာကလည်း
ချာချာလည် ။

စမ်းသပ်ပြီးတဲ့အခါ လည်ပင်းကြောရိုး
ကျီးပေါင်းကြောင့်မူးတာပါ တဲ့။
ဆေးထိုးဆေးသောက်လိုက်တဲ့အခါ
သက်သာသွားပေမဲ့အရှင်းမပျောက်ပါဘူး
အိပ်ယာဝင် အိပ်ယာထ မူးနေတုန်းပါဘဲ။

လမ်းလျှောက်ရင်းလည်းတခါတရံ
မူးနောက်နေတုန်းမို့ အထူးကုပြဖို့
စီစဉ်ရပါတော့တယ်။

အထူးကုပြဖို့စာရင်းပေးထားတုန်းမှာဘဲ
ကဖိုးမောင်ရဲ့ မိတ်ဆွေဘကြီးဦးလှတင်က
ဓါတ်ပုံထည်းမှာပြထားတဲ့ ဝါးပင်တပင်ကို
ခုတ်ယူစေပြီး သွေးလူးခိုင်းပါတယ်။

အသက်၉၀ ဝန်းကျင်ဘကြီးက
အာမခံပါတယ် ။
“အဲ့ဒိဝါးပင်လေးကို
သွေးပြီးလည်ပင်း ဂုတ်စသည်
နှံ့စပ်အောင်လိမ်းအိပ်စမ်းပါကွာ။
ဘာအထူးကုမှမလိုပါဘူး”တဲ့

ကဖိုးမောင်ကြီးကလည်း ဝမ်းသာအားရယူလာပြီးညဘက်နဲ့ မနက်ခင်းတွေသွေးလူးပေးလိုက်တဲ့အခါယူပြစ်သလို ပျောက်ကင်းသွားတာမို့

အံ့သြဝမ်းသာဖြစ်ကြရပါတယ်။
အထူးကုဆီလည်းမရောက်လိုက်ပါဘူး။

ဖြစ်ခါစမို့ချက်ချင်းသက်သာပုံပါဘဲ။

နှစ်ရှည်လများ ခေါင်းငုံ့ပြီးဂီတာတီးလာတဲ့
ကဖိုးမောင်မှ ကျီးပေါင်းမဖြစ်ခံနိုင်ပါ့မလား။

ကျီးပေါင်းကြောင့်မူးတတ်သူများ
အသုံးတည့်ရင်သုံးကြရအောင်
ဝါးပင်လေးကို ညွှန်းပြမျှဝေလိုက်ပါတယ်ရှင်။
ကဖိုးမောင်ကတော့ အိုကေသွားပါပြီ။

တခြားအကြောအဆစ်နာသူများလည်း
သုံးနိုင်တယ်လို့ဘကြီးကပြောပါတယ်။

“အနာ နဲ့ ဆေး တွေ့ကြပါစေ”

Credit – Original Writer
Powered by Blogger.