ဘီပိုးအတြက္ သဘာ၀ေဆးပင္...
Zawgyi ျဖင့္ဖတ္၇န္
ဘီပိုးအတြက္ သဘ၀ေဆးပင္
ယခုပံုမွာ ျမင္ေတြ့ေနရတဲ့အပင္ဟာ အလြန္းေဆးဖက္၀င္တဲ့ အပင္တစ္မ်ိဳးျဖစ္ပါတယ္။ ဘီပိုးအတြက္ အသည္းေရာဂါမ်ားအတြက္ အသံုးျပဳႏိုင္ပါတယ္။
၄င္းအပင္ကို ကခ်င္ျပည္နယ္အႏွံ့အျပားႏွင့္ ပူတာအိုေဒသတို့မွာ အမ်ားအျပားေတြ့ရတတ္ပါတယ္။ ရွမ္းျပည္နယ္၊ ျပင္ဦးလြင္ စတဲ့ အေအးပိုင္းေဒသေတြမွာလည္း ေပါက္တယ္လို့ သိရပါတယ္။
ေဒသအေခၚအေ၀ၚ ခႏၱီးရွမ္းဘာသျဖင့္ ဖတ္ခြယ္၊ ကခ်င္လို ထင္ကဲ့၊ ရွမ္းလို ဖတ္ေခးေဒါင္း၊ ျမန္မာလုိ ေၾကးနီပင္၊ ကြမ္းရိုင္းရြတ္လွပင္၊ ပိတ္ခ်င္းပင္၊ ငါးညွီပင္၊ တရုတ္လုိ ယြီက်င္းဆိုက္ (ငါးညွီဟင္း) ဆိုျပီးေတာ့ ေဒသအလိုက္ အေခၚအေ၀ၚေတြ အမ်ိဳးမ်ိဳး ကြဲျပားၾကပါတယ္။
သူ့ရဲ့အနံ့ကေတာ့ ငါးညွီနံ့၊ ငါးစိမ္းနံ့ ျဖစ္ပါတယ္။ အရြက္ပံုစံကေတာ့ ကြမ္းရြက္ပံုျဖစ္ျပီး အေရာင္ကေတာ့ အစိမ္းခပ္ေဖ်ာ့ေဖ်ာ့နဲ့ ရိုးတံကေတာ့ ေၾကးနီေရာင္ ေပါက္ပါတယ္။
ေဆးအျဖစ္ အသံုးျပဳပံု
(၁) ၄င္းအပင္၏ အရြက္၊ အရိုးတံ၊ အျမစ္တို့ကို ၅ ပင္ခန့္ ခူးယူ၍ ေရစင္ေအာင္ေဆးကာ ေရ ၃ ခြက္ ၁ ခြက္ က်ိဳ၍ တစ္ေန့တစ္ခြက္ တစ္လခန့္ ေသာက္သံုးပါက ဘီပိုးသက္သာ ေပ်ာက္ကင္းေစပါတယ္။
(၂) ၄င္းအရြက္ႏုႏုမ်ားကို သုပ္စားႏိုင္ပါတယ္။
(၃) အျခားဟင္းသီးဟင္းရြတ္မ်ားႏွင့္အတူ ေရာ၍ သုပ္စားႏိုင္ပါတယ္။
(၄) ၄င္းအျမွစ္ကို ငရုတ္သီးႏွင့္ေထာင္းစားႏိုင္ပါတယ္။ ငပိႏွင့္လည္း ေထာင္းစားႏုိင္ပါတယ္။
(၅) အရြက္ႏုမ်ားႏွင့္ အညြန့္မ်ားကို ပဲပုတ္ႏွင့္အတူ ေထာင္းစားႏိုင္ပါတယ္။
ဘီပိုးေရာဂါရွိသူမ်ား သက္သာေပ်ာက္ကင္းနိုင္ၾကပါေစ။
ေစာႏြဲ ့ေနဆုိင္ (ပူတာအို)
ကိုးကား – အစြမ္းထက္ သဘာ၀ေဆးနည္းမ်ား
Unicodeဖြင့်ဖတ်ရန်
ဘီပိုးအတွက် သဘဝဆေးပင်
ယခုပုံမှာ မြင်တွေ့နေရတဲ့အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။
၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။
ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။
သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံဖြစ်ပြီး အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့နဲ့ ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။
ဆေးအဖြစ် အသုံးပြုပုံ
(၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါတယ်။
(၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါတယ်။
(၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါတယ်။
(၄) ၄င်းအမြှစ်ကို ငရုတ်သီးနှင့်ထောင်းစားနိုင်ပါတယ်။ ငပိနှင့်လည်း ထောင်းစားနိုင်ပါတယ်။
(၅) အရွက်နုများနှင့် အညွန့်များကို ပဲပုတ်နှင့်အတူ ထောင်းစားနိုင်ပါတယ်။
ဘီပိုးရောဂါရှိသူများ သက်သာပျောက်ကင်းနိုင်ကြပါစေ။
စောနွဲ ့နေဆိုင် (ပူတာအို)
ကိုးကား – အစွမ်းထက် သဘာဝဆေးနည်းများ


Post a Comment